Business Modeling & Development: Make & Grow Revenues
November 30, 2021 2022-01-05 9:41Business Modeling & Development: Make & Grow Revenues

လုပ်ငန်းတစ်ခုကို စတင် အကောင်အထည် ဖော်ခြင်းကနေ တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်နိုင်ဖို့အတွက်
- အသေးစား၊ အလတ်စား ကိုယ်ပိုင် လုပ်ငန်းရှင်တွေ
- Entrepreneurs လောင်းလျာများ
- အရောင်းပိုင်း၊ မားကက်တင်းပိုင်းကို တာဝန်ယူထားရတဲ့ မန်နေဂျာတွေ
- Business Development Manager အနေနဲ့ လုပ်ကိုင်လိုသူများ အတွက်ပါ။
Better Version သင်တန်းတွေကို ဘယ်လိုလူတွေအတွက် တက်ရောက်လေ့ရှိလဲ။

Business Modeling & Development Workshop မှာ ဘာတွေရသွားမလဲ။
- လုပ်ငန်းတစ်ခု စတင်ဖို့အတွက် သိကိုသိထား လုပ်ကိုလုပ်ရမယ့် လုပ်ငန်းစဥ်တွေ အကြောင်းကို အသေးစိတ်လေ့လာသိရှိသွားမယ်။
- ကိုယ့်လုပ်ငန်းတစ်ခုလုံးကို အပေါ်စီးကနေကြည့်ပြီးတော့ စီမံနိုင်မယ့် အနေအထားဖြစ်လာမယ်။
- လုပ်ငန်းတစ်ခုလုံး လည်ပတ်ပုံကို နားလည်ပြီးသွားရင် အကိုက်ဆုံးနဲ့ အကောင်းဆုံး ဗျူဟာရွေးချယ်တတ်လာမယ်။
- ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိရှိ နဲ့ လက်တွေ့ လုပ်ဆောင်နိုင်မယ့် စီမံချက်တစ်ခု လက်ထဲမှာ ရရှိသွားမယ်။
- တခြားသော စီးပွားရေး လုပ်ငန်းရှင်တွေ၊ Entrepreneure တွေ၊ မန်နေဂျာတွေနဲ့ ဆွေးနွေး တိုင်ပင်ပြီး လုပ်ဆောင်ရမှာ ဖြစ်တဲ့အတွက်ကြောင့် မိတ်ဆွေတိုးလာမယ့် အပြင် စိတ်ကူးအိုင်ဒီယာကောင်းတွေ ပိုရသွားမယ်။
- Group Discussion၊ Group Presentation တွေ ပါတဲ့အတွက်ကြောင့် တခြား လုပ်ငန်းတွေရဲ့ သဘောတရားတွေကိုပါ သဘောပေါက် နားလည် အမြင်ပိုကျယ်လာမယ်။
- အတွေ့အကြုံ၊ ပညာအရည်အချင်း နောက်ခံကောင်းတဲ့ ဆရာနဲ့ တိုက်ရိုက်မေးမြန်း ဆွေးနွေးနိုင်တဲ့အတွက်ကြောင့် တခါတည်း လက်တွေ့အသုံးချနိုင်မယ့် ရှင်းလင်းတဲ့ အမြင်၊စိတ်ကူး၊အိုင်ဒီယာတွေရသွားမယ်။
လုပ်ငန်းစတင်ဖို့၊ လုပ်ငန်းကို ပြောင်းလဲပြင်ဆင်ဖို့၊ လုပ်ငန်း ချဲ့ထွင်ရေး စဥ်းစားနေတယ်ဆိုရင်
ဘာကြောင့် Better Version က သင်တန်းတွေကို သဘောကျကြတာလဲဆိုရင်
သင်ခန်းစာတွေကို လက်တွေ့နဲ့ချိတ်ဆက်ပြီး ရှင်းလင်းပြောပြတဲ့အတွက် နားလည်လွယ်တယ်။
သီအိုရီတွေအပြင် တကယ်အပြင်မှာလုပ်ဆောင်နေရတဲ့ အတွေ့အကြုံတွေကို အခြေခံပြီး သင်ကြားတဲ့အတွက် နားလည်လွယ်ပြီး လက်တွေ့အသုံးချနိုင်တယ်။ လိုအပ်တဲ့ Format တွေကိုလဲ ထည့်ပေးထားတယ်။
အွန်လိုင်းသင်တန်းဖြစ်တဲ့အတွက် အင်တာနက်ရတဲ့ ဘယ်နေရာ၊ ဘယ်အချိန်မဆို သင်အဆင်ပြေသလို လေ့လာနိုင်တယ်။
ဆရာနဲ့ တစ်ပတ်တစ်ခါဖြစ်ဖြစ် အမေးအဖြေလုပ်နိုင်တဲ့နေ့တွေမှာ တိုက်ရိုက် မေးမြန်းဆွေးနွေးနိုင်တယ်။ Better Version ရဲ့ Communities တွေ Forum တွေမှာလဲ တခြားလုပ်ငန်းခွင်ထဲက လူတွေနဲ့ မိတ်ဖွဲ့နိုင်သလို မေးမြန်းဆွေးနွေးတာတွေလဲ လုပ်နိုင်တယ်။
Better Version က စီးပွားရေးအတွက် အထောက်အပံ့ဖြစ်မယ့် ပွဲတွေမှာ ဦးစားပေးတက်ရောက်ခွင့်၊ Better Version ရဲ့ အထူးဦးစားပေး ဝန်ဆောင်မှုတွေကို ဈေးနှုန်းသက်သာခွင့်ရနိုင်တယ်။
Brands That Trust Better Version

Meet Your Trainer
ဒေါက်တာ ယဥ်လှိုင်မင်းသည် လက်ရှိမှာတော့ စီးပွားရေး၊ စီမံခန့်ခွဲရေးနဲ့ သက်ဆိုင်သောကျောင်းများမှာ Academic Advisors၊ Chief Operation Officer စသည်ဖြင့် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
ဆရာက Business Management၊ Business Growth consultant အနေနဲ့လဲ STNM Co., Ltd၊ MCW Automotive Paint Distributor အပြင်အခြားသော လုပ်ငန်းကြီးများမှာအကြံပေး လုပ်ကိုင်လျှက်ရှိပါတယ်။
ဆရာက Doctor Of Management ဘွဲ့ကိုလဲအမေရိကန် နိုင်ငံရှိ Colorado Technical University မှ ရယူထားခဲ့တာဖြစ်ပါတယ်။
ဆရာရဲ့ အတွေ့အကြုံ၊ ပညာအရည်အချင်းများကို အသုံးချပြီး မြန်မာ့စီပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမှာ အားသွန်ခွန်စိုက် ပါဝင်နေတာဖြစ်ပါတယ်။
Workshop မှာ ဆရာ့ကို လက်တွေ့ကော၊ စာတွေ့ကော စိတ်ကြိုက် မေးမြန်းဆွေးနွေးနိင်မှာပါ။

Get Our Best Discount Now.
သင်တန်းအတွက် အထူး သင်တန်းဈေးနှုန်း ရယူပါ။
Our Leaner’s Testimonials