Blog

လုပ်ငန်းအသစ်စဖို့၊​ ဈေးကွက်အသစ်တစ်ခုကိုဝင်ဖို့ ကြိုးစားနေတဲ့သူတွေ သုံးနိုင်တဲ့ marketing strategy များ

Website Blog 3 (1) copy
Business / Marketing / Sales

လုပ်ငန်းအသစ်စဖို့၊​ ဈေးကွက်အသစ်တစ်ခုကိုဝင်ဖို့ ကြိုးစားနေတဲ့သူတွေ သုံးနိုင်တဲ့ marketing strategy များ

လုပ်ငန်းအသစ်စဖို့၊ ဈေးကွက်အသစ်တစ်ခုကိုဝင်ဖို့ ကြိုးစားနေတဲ့သူတွေ သုံးနိုင်တဲ့ marketing strategy များ

ကုန်ပစ္စည်း၊ ၀န်ဆောင်မှု အသစ်ကို ဈေးကွက်သစ်ထဲ မှာ ထိုးဖောက်ဖို့ စဉ်းစားတဲ့အခါ အသုံးဝင်မယ့် marketing strategy များ

သင့်အနေနဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုအသစ်ကို ဈေးကွက်ထဲ မှာထိုးဖောက်ဖို့ ကြိုးစား တဲ့အခါ  ဘယ်လို strategy မျိုးနဲ့သွားလို့ရမလဲ၊ ရွေးလိုက်တဲ့ strategy အတိုင်းလိုချင်တဲ့ရလဒ်တွေရဖို့ ဘာတွေ ပြင်ဆင်ထားဖို့ လိုအပ်မလဲ ဆိုတာကလည်း မဖြစ်မနေ ထည့်သွင်းစဉ်းစားရမယ့် အချက်ဖြစ်ပါတယ်။ 

သင့် ကုန်ပစ္စည်းရဲ့အနေအထား၊ သင်ရချင်တဲ့ရလဒ်၊ ဈေးကွက်တွေ၊ ပြိုင်ဘက်တွေရဲ့ အခြေအနေပေါ်မှာ မူတည်ပြီးတော့ သင့်တော်တဲ့ strategy ကိုရွေးချယ် ရမှာ ဖြစ်ပါတယ်။ 

ဒီနေရာမှာဆိုရင် 

၁) Mass-market penetration 

၂) Niche penetration 

၃) Skimming and early withdrawal 

ဆိုပြီး ၃ မျိုးစဉ်းစားလို့ရပါတယ်။ ဘယ် strategy က ဘယ်လို အနေအထားမျိုးမှာ သင့်တော်လဲဆိုတာ ကို လေ့လာကြည့်ရအောင်။

၁) Mass-market penetration 

ဈေးကွက်ကိုများများမြန်မြန်နဲ့ ကြီးကြီး မားမားထိုးဖောက်ဖို့ ကြိုးစားတဲ့ နည်းလမ်းမျိုးဖြစ်ပါတယ်။ 

သင့်အနေနဲ့ ဈေးကွက်ထဲမှာ ရှယ်ယာများများယူချင်တယ်။ သင့် product ကအသစ်ဖြစ်လေတော့ လူများများကို စမ်းသုံးကြည့် စေချင်တယ်ဆိုရင် ဒီနည်းလမ်းကို သုံးလို့ရပါတယ်။ 

တစ်ခါ ဈေးကွက်ကို လေ့လာကြည့်တဲ့အခါကြတော့လည်း ဈေးကွက်ကြီးလာဖို့ အလားအလာလည်း ရှိနေတယ်။ မြန်မြန် ပျံ့သွားနိုင်တဲ့ အနေအထားလည်းဖြစ်နေတယ်။ 

Product ကိုကြည့်လိုက်တဲ့အခါကြတော့လည်း ပုံစံတူ ကူးယူဖို့ခက်တယ်၊ ထုတ်ရတဲ့ လုပ်ငန်းစဉ်တွေက ရှုပ်တယ်၊ အရင်းအနှီးကလည်းများတယ်၊ ဝယ်သူများလေလေ ပေါက်နိုင်လေလေ ဖြစ်တယ်။ 

ပြိုင်ဘက်တွေကို ကြည့်လိုက်တဲ့အခါကြတော့ လည်းပြိုင်ဘက် နည်းတယ်။ ရှိတဲ့ ပြိုင်ဘက်ကလည်းကိုယ့်လောက် အခြေအနေမျိုး မဟုတ်ဘူး။

သင့်လုပ်ငန်းဘက်ကို ကြည့်လိုက်ရင်ကြတော့ product ကိုအရည်အသွေးကောင်းအောင် ဖန်တီးနိုင်စွမ်းလည်းရှိပြီးတော့၊ ဈေးကွက်ချဲ့ထွင်ဖို့ မားကတ်တင်းလည်း ကောင်းကောင်းလုပ်နိုင်တဲ့ team ရှိတယ်၊ resources လည်းလုံလုံလောက်လောက်ရှိနေမယ်။ 

ဒီလိုအနေအထားမျိုး ရှိနေပြီဆိုရင် သင်ရွေးသင့်တဲ့ strategy က market penetration strategy ပဲဖြစ်ပါတယ်။ 

ဒီတော့ market penetration နဲ့လုပ်တော့မယ်ဆိုရင် သင့်အနေနဲ့ ကြော်ငြာမှာ online, offline တွေများများသုံးဖို့ လိုပါတယ်။ ကုန်ပစ္စည်းသစ်ဖြစ်တော့ လူများများသိဖို့၊ များများသုံးကြစေဖို့ အတွက် ကူပွန်ပေးတာ တွေ၊ အစမ်းပေးသုံးတာတွေ၊ discount ပေးတာတွေလည်းလုပ်လို့ရပါတယ်။ တစ်ခါ သင့် product ကိုရောင်းပေးမယ့် retail တွေ၊ wholesales တွေကိုလည်း တင်ရောင်းပေးချင်အောင် commission ကောင်းကောင်းပေးပြီး ဆွဲဆောင်တာမျိုးလည်း လုပ်သင့်ပါတယ်။ တကယ်လို့ technical complex ဖြစ်တဲ့ ပစ္စည်းမျိုးရောင်းနေတာဆိုရင်လည်း training သေချာပေးတာ၊ after sales service နဲ့ပတ်သက်လို့ သေချာလေး နောက်က လိုက်လုပ်ပေး တာမျိုးနဲ့ လည်း ဈေးကွက်ထဲမှာ ပေါက်လာဖို့ကြိုးစားလို့ရပါတယ်။ 

၂) Niche penetration 

အလားအလာရှိတာကိုပဲ သေချာရွေးပြီးသွားတဲ့ နည်းလမ်း။ ဆိုလိုတာက ဈေးကွက်ရဲ့ အစိတ်အပိုင်းတစ်ခုကိုပဲရွေးလိုက်ပြီးတော့ ဒီဈေးကွက်ကိုပဲ အားစိုက်ပြီးလုပ်တာမျိုးပါ။ 

သင့်အနေနဲ့ သင်ရွေးချယ်ထားတဲ့ ဈေးကွက်ရဲ့ အစိတ်အပိုင်း (target marketi) ထဲမှာ ရှယ်ယာများများယူချင်တယ်။ စမ်းသုံးတဲ့သူ များစေချင်တယ်ဆိုရင် ဒီနည်းလမ်းကို သုံးလို့ရပါတယ်။ 

တစ်ခါ ဈေးကွက်ကို လေ့လာကြည့်တဲ့အခါကြတော့လည်း ဈေးကွက်ကြီးလာဖို့ အလားအလာလည်း ရှိနေတယ်။ မြန်မြန် ပျံ့သွားနိုင်တဲ့ အနေအထားလည်းဖြစ်နေတယ်။ 

Product ကိုကြည့်လိုက်တဲ့အခါကြတော့လည်း ပုံစံတူ ကူးယူဖို့လွယ်ကူတယ်၊ ထုတ်ရတဲ့ လုပ်ငန်းစဉ်တွေက လည်းလွယ်တယ်၊ အရင်းအနှီးကလည်းမများတဲ့ အနေအထားလည်းဖြစ်နေမယ်။ 

ပြိုင်ဘက်တွေကို ကြည့်လိုက်တဲ့အခါကြတော့ လည်း ကူးဖို့လွယ်တော့ ပြိုင်ဘက်များတယ်။ ဒါပေမယ့် ရှိတဲ့ ပြိုင်ဘက်တွေနဲ့ မတူကွဲပြားအောင်လုပ်ဖို့ အခွင့်အလမ်းသင့်မှာရှိနေတယ်။ 

သင့်လုပ်ငန်းဘက်ကို ကြည့်လိုက်ရင်ကြတော့ product ကိုအများကြီးထုတ်နိုင်တဲ့ အနေအထားမရှိသေးဘူး၊ မားကတ်တင်းပိုင်းမှာလည်း အများကြီးမလုပ်နိုင်သေးတဲ့အနေအထား ဖြစ်နေပြီးတော့၊ resources ကလည်း လုံလောက်မှုမရှိသေးတဲ့အနေအထားမျိုးတွေ ဖြစ်နေမယ်ဆိုရင်တော့ ဒီ niche penetration ကိုရွေးသင့်ပါတယ်။ 

ဥပမာ – ဓာတ်ပုံရိုက်ပေးတဲ့ ဝန်ဆောင်မှုဆိုပါစို့။ သင့်အနေနဲ့ အများကြီး မလုပ်နိုင် သေးတဲ့အနေအထားမျိုးမှာဆိုရင် သင်ကျွမ်းကျင်တဲ့ အစိတ်အပိုင်း (ဥပမာ – wedding သီးသန့်ကိုပဲရိုက်ပေးတာမျိုး၊ ခရီးသွားလုပ်ငန်း တွေကို ပဲသိီးသန့်ရွေးပြီး ဝန်ဆောင်မှုပေးတာမျိုး) စသည်ဖြင့် လုပ်သွားတဲ့ ဒီ niche penetration ကိုသုံးလို့ရပါတယ်။ 

ဒီတော့ သင့်က ဒီ strategy ကို ရွေးလိုက်ပြီဆိုရင် သင်ရွေးချယ်ထားတဲ့၊ ရောင်းချင်တဲ့ target customer ဆီကိုရောက်သွားနိုင်မယ့် ကြော်ငြာတွေလုပ်ဖို့လိုပါတယ်၊ ကုန်ပစ္စည်းသစ်ဖြစ်တော့  အပေါ်က mass penetration မှာလိုပဲ လူများများသိဖို့ အတွက် ကူပွန်ပေးတာ တွေ၊ အစမ်းပေးသုံးတာတွေ၊ discount ပေးတာတွေလည်းလုပ်လို့ရပါတယ်။ ဒါ့အပြင် ဝယ်သူရဲ့ feedback တွေပေါ်မှာ မူတည်ပြီးတော့ လိုအပ်သလို လိုက်ပြောင်းတဲ့ ပုံစံမျိုးလည်းလုပ်လို့ရပါတယ်။ သင့် product ကိုရောင်းပေးမယ့် retail တွေ၊ wholesales တွေဆိုလည်း အကုန်လုံးပေးတာမျိုး မဟုတ်ပဲ သေချာလေးရောင်းပေးနိုင်မယ့် သင့်အတွက် အကျိုးကျေးဇူးပိုများမယ့် သူတွေကိုပဲသေချာလေးရွေးပြီး ပေးတာမျိုး လုပ်သင့်ပါတယ်။ training တွေ၊ after sales service တွေကိုလည်း ကောင်းကောင်းလေး ပေးနိုင်ဖို့ ပြင်ဆင်ထားသင့်ပါတယ်။ 

၃) Skimming and early withdrawal 

ဈေးကွက်ထဲမှာ ရသလောက် အကျိုးအမြတ်ကိုပဲ ယူပြီး ချက်ချင်းပြန်ထွက်တဲ့ နည်းလမ်းမျိုးဖြစ်ပါတယ်။ 

သင်ရင်းနှီးထားတာတွေ မြန်မြန်ပြန် အရင်းကျေစေချင်တဲ့ အနေအထားမျိုး ဖြစ်လာပြီ။ ဈေးနှုန်းနဲ့ပြိုင်တာတွေများလာလို့၊ ပြိုင်ဘက်တွေတအားများလာလို့ အကျိုးအမြတ်နည်းလာပြီးတော့  ဒီဈေးကွက်ထဲက ထွက်တော့မယ်ဆိုပြီး သင်စဉ်းစားနေပြီဆိုရင် ဒီနည်းလမ်းကို သုံးလို့ရပါတယ်။ 

ဒီနေရာမှာ ဈေးကွက်ကို လေ့လာကြည့်တဲ့အခါကြတော့လည်း ဈေးကွက်ကြီးလာဖို့ အလားအလာလည်း နည်းနေတယ်။ စစမ်းသုံးတဲ့သူတွေကလည်း ဈေးကြီးကြီးပေးဝယ် သုံးနိုင်တဲ့ အနေအထားလည်းဖြစ်နေမယ်။ 

Product ကိုကြည့်လိုက်တဲ့အခါကြတော့လည်း ပုံစံတူ ကူးယူဖို့လွယ်ကူတယ်၊ ထုတ်ရတဲ့ လုပ်ငန်းစဉ်တွေက လည်းလွယ်တယ်၊ အရင်းအနှီးကလည်းမများတဲ့ အနေအထားလည်းဖြစ်နေမယ်။ 

ပြိုင်ဘက်တွေကို ကြည့်လိုက်တဲ့အခါကြတော့ လည်း ကူဖို့လွယ်တော့ ပြိုင်ဘက်များတယ်။ ဒါပေမယ့် ရှိတဲ့ ပြိုင်ဘက်တွေနဲ့ မတူကွဲပြားအောင်လုပ်ဖို့ အခွင့်အလမ်းလည်း သင့်မှာရှိနေတယ်။ 

သင့်လုပ်ငန်းဘက်ကို ကြည့်လိုက်ရင်ကြတော့ product ကိုကောင်းကောင်းထုတ်နိုင်တဲ့ အနေအထားရှိတယ် ၊ ဈေးကွက်ချဲ့ထွင်ဖို့ မားကတ်တင်းလည်း ကောင်းကောင်းလုပ်နိုင်တဲ့ team ရှိတယ်၊ ဒါပေမယ့် resources ကကြတော့ လုံလောက်မှုမရှိသေးတဲ့အနေအထားမျိုးတွေ ဖြစ်နေမယ်ဆိုရင်တော့ ဒီ Skimming and early withdrawal ကိုရွေးသင့်ပါတယ်။ 

ဒီတော့ သင့်အနေနဲ့ ဒီနည်းလမ်းသုံးဖို့ စဉ်းစားနေပြီဆိုရင် အရင်လို ကြော်ငြာတာကို အရမ်းမလုပ်တော့ဘဲနဲ့ သင်ရွေးချယ်ထားတဲ့၊ ရောင်းချင်တဲ့၊ ပိုက်ဆံများများသုံးနိုင်မယ့် အပိုင်းကိုပဲရွေးပြီး ကြော်ငြာတွေလုပ်ဖို့လိုပါတယ်။ တစ်ခါ sales promotion ပေးတဲ့အခါလည်း အရေအတွက် များများရောင်းချင်တဲ့အခါကြတော့ များများဝယ်မယ့် သူတွေကိုပဲအဓိကထား discount ပေးတာမျိုးလုပ်လို့ရပါတယ်။ ဒီဈေးကွက်ထဲက ပြန်ထွက်တော့မှာ ဖြစ်တဲ့အတွက် retail တွေ၊ wholesales တွေကိုလည်း အများကြီးမသုံးတော့ဘဲနဲ့ training တွေ၊ after sales service တွေကိုလည်း limit လုပ်ထားလိုက်သင့်ပါတယ်။ 

ဒီလောက်ဆိုရင်တော့ ဈေးကွက် သစ်ကို ဝင်ဖို့ စဉ်းစားတဲ့အခါ သင့်အနေနဲ့ ဘယ်အခြေအနေမှာ ဘယ်နည်းလမ်းသုံးလို့ရနိုင်မယ် ဆိုတဲ့ idea ရမယ်လို့ ထင်ပါတယ်။ 

ဘယ်နည်းလမ်းက အသင့်တော်ဆုံးဆိုတာထက် သင့် product ရဲ့ product life cycle:  Intro, growth, maturity, decline ဆိုတဲ့ ဘယ်အဆင့်မှာရောက်နေတာလဲဆိုတာကို သုံးသပ်ပြီးတော့ strategy ကို စဉ်းစားရမှာဖြစ်ပါတယ်။ 

တကယ်လို့များ သင့်လုပ်ငန်းအတွက်၊ အသစ်ထုတ်မယ့် ကုန်ပစ္စည်းအတွက် မှန်ကန်ထိရောက်တဲ့ marketing strategy စဉ်းစားဖို့ လိုနေတယ်ဆိုရင် Better Version ကဖွင့်တဲ့ Practical Marketing Strategy အတန်းကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။

ဒီ သင်တန်းမှာဆိုရင် မားကတ်တင်းအခြေခံသဘောတရားတွေ၊ Business strategy တွေလေ့လာပြီး Competitive advantages တွေဘယ်လိုရှာမလဲ။ marketing plan ဆွဲတတ်ဖို့ သိထားသင့်တဲ့ အချက်တွေ၊ နောက်တစ်ခုက Branding နဲ့ differentiation အပိုင်း၊ marketing plan ဆွဲတဲ့အခါ product, price, promotion နဲ့ distribution အကြောင်းတွေကို ကိုယ်ကုန်ပစ္စည်း၊ ၀န်ဆောင်မှုပေါ်မူတည်ပြီး မှန်မှန်ကန်ကန်နဲ့ မားကတ်တင်းမဟာဗျူဟာချမှတ်နိုင်ဖို့၊ digital strategy တွေလည်း ဘယ်လိုလုပ်နိုင်မလဲ၊ marketing plan တစ်ခုရလာပြီးတဲ့အချိန်မှာလည်း ဘယ်လို ရလာဒ်တွေကိုတိုင်းမလဲ၊ Control လုပ်နိုင်မလဲ စတာတွေကို အသေးစိတ်လေ့လာရမှာ ဖြစ်လို့ အများကြီး အထောက် အကူဖြစ်မှာပါ။

 

Digital Strategies ချမှတ်ဖို့ လုပ်နေတယ်ဆိုရင်တော့ အောက်က Video လေးကို ပြီးအောင်ကြည့်ကြည့်နော်။

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
အခွင့်အရေးကောင်းတွေ လက်မလွတ်သွားဖို့

43% Off
Only For 1st 100

“Book Order” လို့ မက်ဆင်ဂျာမှာ ရိုက်ပေးပါနော်..

အရောင်းတိုးမယ့် စာအုပ်

ပထမဦးဆုံး အယောက် (၁၀၀) အတွက်သာ