Blog

Sales Orientation Vs Market Orientation

31
Business / Marketing

Sales Orientation Vs Market Orientation

စီးပွားရေး လုပ်ငန်းတစ်ခု အောင်မြင်မှုမှာ မှန်ကန် ထိရောက်တဲ့ အရောင်းမဟာဗျူဟာရေးဆွဲနိုင်ခြင်း၊ promotion plan ချမှတ်နိုင်ခြင်းဟာလည်း အရေးပါတဲ့ အချက်တစ်ခုပါပဲ။ 

ကိုယ်သွားရောင်းမယ့်ဈေးကွက် ၊ ကိုယ့်ကုန်ပစ္စည်းရဲ့ အနေအထား၊ ကိုယ့် ကုမ္ပဏီ ရဲ့ ရည်ရွယ်ချက်ကိုမူတည်းပြီးတော့ မှန်ကန်တဲ့ ဗျူဟာရေးဆွဲနိုင်ဖို့လိုပါတယ်။ 

ဒီနေရာမှာတော့ အခုနောက်ပိုင်းမှာ အသုံးများဆုံးဖြစ်လာတဲ့ ယူဆချက် နှစ်ခုကို  အခြေခံပြီး 

ထုတ်ထားတဲ့ ကုန်ပစ္စည်းကို အရောင်းရအောင် ဘယ်လို strategy ရေးဆွဲလို့ရတယ်ဆိုတာကို  ဆွေးနွေးပေးချင်ပါတယ်။

 Sales Orientation (အရောင်းပိုင်းကို အသားပေးခြင်း)

 Sales Orientation ကိုနောက်တစ်မျိုးအနေနဲ့ inside out ​approach လို့ခေါ်ပါတယ်။ ထုတ်လုပ်မှုကနေ စပါတယ်။ လုပ်ငန်းတွေ အနေနဲ့ နည်းပညာတွေ တိုးတက်လာတဲ့အခါကြတော့ ထုတ်လုပ်မှုစွမ်းအားက အရမ်းများလာတယ်။ ပုံမှန်ရောင်းချနိုင်စွမ်းထက် ပိုထုတ်လုပ်လာနိုင်တယ်။ အဲ့ဒီ အခါကြတော့ ထုတ်သမျှကိုရောင်းနိုင်ဖို့ အရောင်းပိုင်းကို ဦးစားပေးရတဲ့ အခြေအနေတွေ ဖြစ်လာတယ်။ အဲ့တော့ များများရောင်းနိုင်ဖို့ဘာတွေလုပ်ကြမလဲ။ 

Sales promotion တွေပေးမယ်၊ ဈေးလျော့ရောင်းရတာမျိုးတွေ၊ installment နဲ့ ရောင်းရတာတွေ၊ ကျွမ်းကျင်တဲ့ အရောင်းသမားတွေကို ခန့်ပြီးတော့နည်းမျိုးစုံနဲ့အရောင်းရနိုင်ဖို့ ကြိုးစားရပါတယ်။ စီမံခန့်ခွဲရသူတွေအနေနဲ့ လည်းကိုယ့်ကုန်ပစ္စည်းနဲ့ ဈေးကွက် အခြေအနေပေါ်မှာမူတည်ပြီး သင့်တော်တဲ့ promotion plan ကိုစဉ်းစားဖို့လိုတာပေါ့။  ဒါကတော့ Sales Orientation ရဲ့ သဘောတွေပါ။

 နောက် တစ်ခုကတော့ ဝယ်သူအကြောင်းကိုလေ့လာပြီးတော့မှ ကုန်ပစ္စည်းထုတ်ဖို့ ကြိုးစားတဲ့ အယူအဆပါ။

Marketing or customer Orientation (ဝယ်သူကိုအသားပေးခြင်း)

 Marketing or customer Orientation ကို နောက်တစ်မျိုးအနေနဲ့ outside in approach လို့ခေါ်ပါတယ်။ အခုနောက်ပိုင်းမှာ ဒီလိုအယူအဆနဲ့ ကုန်ပစ္စည်းတွေကို ပိုထုတ်လာတာကိုတွေ့ရပါတယ်။  ဈေးကွက်ကို အရင်လေ့လာတယ်၊ ကိုယ့်ဝယ်သူတွေရဲ့ need (လိုအပ်ချက်)၊ want (လိုအင်) ကို သိအောင် လုပ်တယ်။ ပြီးတော့မှ သူတို့ ရဲ့ need နဲ့ want နဲ့ကိုက်ညီတဲ့ ကုန်ပစ္စည်းကို ကိုယ့်ပြိုင်ဘက် ကထုတ်နိုင်တာထက် ပိုကောင်းတဲ့ ပုံစံနဲ့ ထုတ်နိုင်ဖို့ ကြိုးစားတဲ့အယူအဆပါ။ အဲ့တော့ ဒီလိုမျိုး Marketing Orientation ကို ဦးစားပေးသွားမယ်လို့ စဉ်းစားလိုက်ရင်ဘာတွေလုပ်ရမလဲ။ 

ကိုယ်သွားရောင်းချင်တဲ့ ဈေးကွက် ရဲ့ လိုအပ်ချက်ကို အရင် ရှင်းရှင်းလင်းလင်းသိအောင်လုပ်ရမယ်၊ ထုတ်လုပ်မှုအပိုင်းမှာလည်း ဈေးကွက်ထဲက ကိုယ့် ပြိုင်ဘက်တွေထက်သာအောင် ပိုကောင်းတဲ့ features (အင်္ဂါရပ်) တွေ  benefit (အကျိုးရလဒ်) တွေပါအောင်လုပ်ပြီး ရောင်းအားတက်ဖို့ မှန်ကန်တဲ့ Sale Strategy ရေးဆွဲနိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။

ဒါကတော့ Sale နဲ့ Marketing Orientation နှစ်ခု ခြားနားချက်မှုကို အခြေခံ ပြီး Strategy  ချတဲ့အခါ ထည့်စဉ်းစားရမယ့် အခြေခံ အချက်တွေပဲဖြစ်ပါတယ်။

မိတ်ဆွေတို့ရော ကိုယ့်လုပ်ငန်းမှာ ထုတ်ထားတဲ့ ကုန်ပစ္စည်းတွေက ဘာကိုအခြေခံပြီး ထုတ်ထားတာလဲ Sale Orientation လား Marketing Orientation လား။ 

နောက်ပိုင်းမှာ လည်း မတူညီတဲ့ ဈေးကွက်သဘောတရားတွေကို အခြေခံပြီး မှန်ကန်တဲ့ Strategy ချဖို့စဉ်းစားတဲ့နေရာမှာ လိုအပ်တဲ့ အချက်တွေကို လေ့လာနိုင်ဖို့ဆွေးနွေးပေးသွားမှာ ဖြစ်လို့ Better Version Page ကို like and see first လုပ်ထားကြပါဦး။

#SalesVsMarketOrientation #BetterVersion #MakeYourProgress

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
အခွင့်အရေးကောင်းတွေ လက်မလွတ်သွားဖို့

43% Off
Only For 1st 100

“Book Order” လို့ မက်ဆင်ဂျာမှာ ရိုက်ပေးပါနော်..

အရောင်းတိုးမယ့် စာအုပ်

ပထမဦးဆုံး အယောက် (၁၀၀) အတွက်သာ