Blog

လုပ်ငန်းအတွက် မှန်ကန်ထိရောက်တဲ့ Strategy စဉ်းစားတဲ့အခါ မဖြစ်မနေပါဝင်ရမယ့် အချက် ၅ ခု။

5 Component For Setting Strategy(1200x600)
Business / Marketing

လုပ်ငန်းအတွက် မှန်ကန်ထိရောက်တဲ့ Strategy စဉ်းစားတဲ့အခါ မဖြစ်မနေပါဝင်ရမယ့် အချက် ၅ ခု။

သင့်အနေနဲ့ လုပ်ငန်းသစ်စတဲ့အခါမှာပဲ ဖြစ်ဖြစ်၊ product သစ်တစ်ခုကို ဈေးကွက်သစ်ထဲမှာ စတင်ဖို့ စဉ်းစားတဲ့အခါမှာပဲဖြစ်ဖြစ် strategy ချမှတ်တဲ့အခါ မှန်ကန်ထိရောက်မှု ရှိဖို့နဲ့၊ ရေရှည်မှာ အောင်မြင်ဖို့ အတွက် ဆိုရင် ဒီအချက် ၅ ချက်ကို မဖြစ်မနေ ထည့်သွင်းစဉ်းစားဖို့ အကြံပြုချင်ပါတယ်။

 

၁) Mission (လုပ်ငန်းရဲ့ ရည်ရွယ်ချက်)

သင့်လုပ်ငန်းတစ်ခုလုံးရဲ့ ရည်ရွယ်ချက်ကဘာလဲ ဆိုတာကလည်း ပထမဆုံး အနေနဲ့ စဉ်းစားပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။ လုပ်ငန်းမစတင်ခင်ထဲက သင့်လုပ်ငန်းက ဘယ်လိုမျိုး ရည်မှန်းချက်၊ ရည်ရွယ်ချက်ကို ပြီးမြောက် အောင်မြင် စေချင်တာလဲဆိုတဲ့  mission ကရှင်းလင်းပြတ်သားဖို့လိုပါတယ်။

ဥပမာ_ ကားရောင်းတဲ့ ကုမ္ပဏီ တစ်ခု အနေနဲ့ ဥပမာပေးရရင်

ကျွန်တော်တို့ ကားကုမ္ပဏီဟာ မြန်မာနိုင်ငံတွင် ကားဝယ်ယူသုံးစွဲလိုသော customers များအတွက် မှန်ကန်သော ဈေးနှုန်း၊ ရွေးချယ်စရာ အမျိုးအစားစုံစုံလင်လင်နှင့် ယုံကြည်စိတ်ချရသော ဝန်ဆောင်မှုများပေးနေသော လုပ်ငန်းတစ်ခုအဖြစ်ရပ်တည်နေပါတယ်။

 

၂) Goals (တိကျပြတ်သားမှုရှိတဲ့ လိုချင်တဲ့ရလဒ်)

နောက်တစ်ဆင့်အနေနဲ့ သင့်လုပ်ငန်းအတွက် တိကျပြတ်သားတဲ့ goal ရှိဖို့လည်း လိုအပ်ပါတယ်။ ပြီးရင် ချမှတ်လိုက်တဲ့  goal ကလည်း SMART goal setting (specific, measurable, achievable, relevant, time) နဲ့ လည်း ညီနေဖို့လိုပါတယ်။ ဘာတွေရချင်တာလဲ၊ ဒီနှစ်အတွက် သင့်မှာရှိတဲ့ လူအင်အားနဲ့ ရချင်တဲ့ ရောင်းအားက ဘယ်လောက်လဲ စသည်ဖြင့် ရှင်းလင်းပြတ်သားတဲ့ goal ရှိဖို့လိုပါတယ်။ ဒါမှပဲ ဒီရလဒ် ကိုရရှိဖို့ ဘာတွေ ကြိုတင်ပြင်ဆင်ရမယ် ဆိုတာကို မြင်လာမှာ ဖြစ်ပါတယ်။

ဥပမာ_ ခုန ကားကုမ္ပဏီနဲ့ပဲဆက်ပြောရရင်

ဒီ၂၀၂၁ မှာ ကားအစီး‌ရေ ဘယ်လောက်ရောင်းရမယ်။ ပြီးရင်နှစ်တိုင်းရောင်းအားကလည်း ၂၀% တက်သွားအောင် လုပ်နိုင်ရမယ်။ ဆိုတာမျိုးဖြစ်ပါတယ်။

 

၃) Resources Deployment (သင့်မှာရှိတဲ့ အရင်းအမြစ်များ)

နောက်တစ်ဆင့်ကနေ ဒီ mission တွေ၊ goal တွေရဖို့ သင့်လက်ထဲမှာ ဘာတွေနေရှိလဲ သုံးသပ်ဖို့လိုပါတယ်။ ငွေရေးကြေးရေး (financially) ပိုင်းရောလုံလောက်ရဲ့လား၊ လူအင်အား (human resource) ဘယ်လောက်လိုအပ်မလဲ၊ ကုန်ကြမ်းအင်အားဘယ်လောက်လိုနိုင်မလဲ၊ စသည်ဖြင့် သင့်လက်ထဲမှာရှိတဲ့ resources ကိုလည်းထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ ဒါမှသာ သင့်ရည်မှန်းချက်၊ လိုချင်တာရဖို့ အတွက် ဘာတွေ ထပ်ဖြည့်ဖို့လိုမယ်၊ ဘာတွေလျော့ဖို့လိုမယ် စသည်ဖြင့် စဉ်းစားနိုင်မှာ ဖြစ်ပါတယ်။

ဥပမာ_ အပေါ်ကချထားတဲ့ goal တွေရဖို့ လက်ရှိ ရှိပြီးသား အရောင်းသမားတစ်ယောက်က တစ်လမှာ ကားဘယ်နှစီး ရောင်းရမယ်။ လက်ထဲမှာရှိတဲ့ ပိုက်ဆံကို ရင်းနှီးမြှပ်နှံမှု အတွက်ဘယ်လောက်သုံးမယ်။ လုပ်ငန်းဝန်ထမ်းလစာလိုမျိုးတွေ expense တွေ အတွက်ဘယ်လောက်ဖယ်ထားမယ်။ စသည်ဖြင့် သင့်မှာရှိတဲ့ resource ကိုလည်း သုံးသပ်ရမှာ ဖြစ်ပါတယ်။

 

၄) Sustainable Competitive advantage (ရေရှည်ယှဉ်ပြိုင်နိုင်စွမ်းအား)

နောက်တစ်ဆင့်အနေနဲ့ကတော့ ဈေးကွက်ထဲမှာ သင်တစ်ယောက်ထဲရှိနေမှာ မဟုတ်တဲ့ အတွက် ပြိုင်ဘက်တွေ အနေအထားကလည်း မဖြစ်မနေထည့်သွင်းစဉ်းစားရမယ့် အချက်တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့်ရေရှည်မှာ သင့် product ကယှဉ်ပြိုင်နိုင်စွမ်းအား ရှိရဲ့လား၊ အဲ့လိုပြိုင်နိုင်ဖို့ အားသာချက်က ဘာဖြစ်မလဲဆိုတာကလည်း မဖြစ်မနေ ထည့်သွင်းစဉ်းစားရမယ့် အချက်တစ်ခု ဖြစ်ပါတယ်။  

ဥပမာ_ ကားကုမ္ပဏီနဲ့ပဲဆက်ပြောရရင် ဈေးကွက်ထဲက အခြားလုပ်ငန်းတွေရဲ့ ယှဉ်တဲ့အခါ quality ရော၊ price ရောတူနေရင်တောင် service (ဝန်ဆောင်မှုပိုင်း) ပိုအားသာအောင် လုပ်မယ်။ အခြားကုမ္ပဏီတွေက service center နဲ့တွဲလုပ်တာနည်းတယ်။ ဒီတော့ သင်က ကိုယ်ပိုင် service center တွေဆောက်မယ်။ စသည့်ဖြင့် ယှဉ်ပြိုင်မှု အားသာချက် ရှိဖို့လည်း ကြိုတင်စဉ်းစား ပြင်ဆင်ရမှာ ဖြစ်ပါတယ်။

 

၅) Synergy (ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အခွင့်အလမ်းများ)

ဆိုလိုတာက သင်သွားချင်တဲ့လမ်းကြောင်းကိုရောက်ဖို့ အတွက် ပူးပေါင်းပြီး လုပ်သွားလို့ရမယ့်အရာ တွေက ဘာတွေ ရှိနိုင်မလဲ ဆိုတာကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ ဘယ်လုပ်ငန်းတွေရှိနိုင်မလဲပေါ့။

ဥပမာ_ သင်ကဒီနှစ်မှာ ကားအစီး ၁၀၀ ရောင်းနိုင်ရမယ်လို့စဉ်းစားထားတယ် ဆိုပါစို့။ လက်ရှိဈေးကွက်အရ စဉ်းစားလိုက်တဲ့အခါမှာ ဝယ်သူတွေရဲ့ ဝယ်ယူမှု အနေအထားက လုံးခနဲ တစ်ခါထဲ ငွေအကျေပေးဖို့ အခက်အခဲ ရှိနေနိုင်တာကိုတွေ့ရတယ်။ ဒါဆိုသင်က ဘဏ်နဲ့ပေါင်းဖို့စဉ်းစားလိုက်တယ်။ သင်ကတော့ တစ်နှစ်မှာ ဒီအမောင့်လောက်ရောင်းဖို့ အစီအစဉ်ရှိနေတယ်။ ဘဏ်နဲ့ချိတ်ဖို့ အဆင်ပြေမလား။ အဲ့ဒီအတွက် ဘဏ်ဘက်ကလည်း ဒီလောက်ရာခိုင်နှုန်းအတိုးနှုန်းယူလို့လည်းရနေတယ်။ စသည်ဖြင့် ချိန်ဆက်ပူပေါင်းဖို့ စဉ်းစားတာမျိုး ဖြစ်ပါတယ်။ ဒါဆိုရင် ဘဏ်ဘက်ကလည်း customer ရသွားသလို၊ သင့်လုပ်ငန်းအတွက်လည်း customer ကို installment plan နဲ့ရောင်းနိုင် သွားတာပေါ့။ နှစ်ဦးနှစ်ဖက် အဆင်ပြေသွားတာပါပဲ။

ဒါ့ကြောင့် သင်က လုပ်ငန်းတစ်ခုကိုအစပျိုးဖို့ စဉ်းစားနေပြီဆိုရင် ပထမဆုံးရှင်းလင်းတဲ့ mission ရှိဖို့လိုတယ်။ SMART နဲ့ညီတဲ့ goal တွေ၊ objective တွေရှိဖို့လိုတယ်။ သင့်မှာရှိတဲ့ resource ကိုကောင်းကောင်း အစီအစဉ်တကျ ခွဲဝေ အသုံးချ တတ်ဖို့ လိုတယ်။ 

အားသာချက်ရှာတတ်ဖို့လိုတယ်။ ပြီးရင်တော့ သင်အကျိုးအမြတ်များဖို့ အတွက် ဆိုရင် အခြားလူတွေနဲ့ ပူပေါင်းဆောင်ရွက်သင့်ရင် ပူးပေါင်း လုပ်ဆောင်ဖို့ စဉ်းစားတတ်ဖို့ လိုအပ်ပါတယ်။

ဒီလို လုပ်မယ်ဆိုရင်တော့ သင့်လုပ်ငန်းအတွက် ရေရှည်အောင်မြင်ဖို့ ထိထိရောက်ရောက် သုံးလို့ရမယ့် strategy ထွက်လာမှာ ဖြစ်ပါတယ်။ 

လက်တွေ့မှာအသုံးချနိုင်တဲ့ မားကတ်တင်း strategy တွေလိုအပ်နေပြီဆိုရင်တော့ ကျွန်တော်တို့ Better Version က ဖွင့်တဲ့ လက်တွေ့အသုံးချမားကတ်တင်းသင်တန်း _ Practical Marketing Strategies အတန်းကိုတက်ရောက်လို့ရပါတယ်။ 

စိတ်၀င်စားရင် PMS လို့သာမက်ဆေ့ပို့လိုက်ပါ။ 

#betterversion #morethanyouthink #strategyconcepts

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
အခွင့်အရေးကောင်းတွေ လက်မလွတ်သွားဖို့

43% Off
Only For 1st 100

“Book Order” လို့ မက်ဆင်ဂျာမှာ ရိုက်ပေးပါနော်..

အရောင်းတိုးမယ့် စာအုပ်

ပထမဦးဆုံး အယောက် (၁၀၀) အတွက်သာ