ခေါင်းဆောင်ကောင်းတစ်ယောက်မှာ ရှိရမယ့် အရည်အချင်း (၅) ခု
June 13, 2020 2022-02-28 11:39ခေါင်းဆောင်ကောင်းတစ်ယောက်မှာ ရှိရမယ့် အရည်အချင်း (၅) ခု
ခေါင်းဆောင်ကောင်းတစ်ယောက်မှာ ရှိရမယ့် အရည်အချင်း (၅) ခု
အရောင်းအဖွဲ့ တစ်ခုကို အောင်မြင်အောင်ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်မှာ ရှိရမယ့် အရည်အချင်း (၅) ခု
အရောင်းအဖွဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ အလုပ်က အရောင်းတစ်ဖွဲ့လုံးရဲ့ တိုးတက်ရေးကို တာဝန်ယူရတာအပြင် လုပ်ငန်းကုမ္ပဏီရဲ့ တိုးတက်ရေးကိုလည်းတာ၀န်ယူရတဲ့လူဆိုရင် မမှားပါဘူး။ အောင်မြင်တဲ့ အဖွဲ့အစည်း ဖြစ်ဖို့ဆို တာ ခေါင်းဆောင် အပေါ်မှာ အများကြီး မှီတည် နေပါတယ်။
အရောင်းမှာတော်တဲ့ အရောင်းသမားတိုင်း အရောင်းအဖွဲ့ ခေါင်းဆောင် မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ဒါဟာ အခြေခံအုတ်မြစ် ကောင်းတစ်ခုတော့အနေနဲ့တော့လိုအပ်ပါတယ်။
ဆိုလိုတာက ခေါင်းဆောင်ဆိုတာ ကိုယ်တစ်ယောက်ထဲ တော်နေရုံ နဲ့ မရပါဘူး။
ကို့ယ်ရဲ့ အဖွဲ့သားတွေကို ပိုတော် လာအောင်၊ ချမှတ်ထားတဲ့ အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေကို အောင်မြင်စွာ ဆောင်ရွက်နိုင်အောင် တစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်အလိုက် အကြံဉာဏ် ပေးတာ၊ အထောက်အပံ့ပေးတာ၊ ပိုမိုကောင်းမွန်တဲ့ အခြေအနေ ဖြစ်အောင် အခွင့်အလမ်းများကို လမ်းညွန်ပေးနိုင်တာ စတဲ့ ကျွမ်းကျင်မှု တွေ၊ နည်းဗျူဟာတွေ လိုအပ်ပါတယ်။
ဒါ့ကြောင့် ကိုယ့်ရဲ့ အဖွဲ့အစည်းကို မှန်ကန်တဲ့ လမ်းညွန်မှုနဲ့၊ အောင်မြင်တဲ့ ခေါင်းဆောင်မှု ပေးနိုင်ဖို့ လိုအပ်တဲ့ အရည်အချင်းတွေကို လေ့လာကြည့်ရအောင်။
၁) Coaching Skill (မှန်ကန်သောလမ်းညွှန်ပေးနိုင်မှု စွမ်းရည်)
ဒါကို လုပ်ကို လုပ်ရမယ်လို့ အာဏာကို သုံးပြီးပြောနေမယ့်အစား ကိုယ့်လက်အောက်က အရောင်းသမားတစ်ယောက်ချင်းစီ ရဲ့ အားသာချက်ကို ထောက်ပြ၊
အားနည်းချက်ကို သူ့ကိုယ်တိုင် မြင်လာအောင် လုပ်ပြီး တိုးတက်လာအောင် ဘယ်လိုလုပ်သင့်ကြောင်း အကြံဉာဏ်ပေး၊ လမ်းညွှန်မှုပေး အားပေးခြင်းအားဖြင့်
ကိုယ့်ရဲ့အရောင်းသမားတွေ ကိုယ့်ကိုကိုယ်ယုံကြည်မှု ရှိအောင်၊ ပြဿနာတွေကို ကိုယ်တိုင်ဖြေရှင်းတတ်အောင်၊ တည်ဆောက်ပေးနိုင်ခြင်း ကလည်း ခေါင်းဆောင်တစ်ယောင်ရဲ့ မရှိမဖြစ် စွမ်းရည်တစ်ခုဖြစ်ပါတယ်။
၂) Communication and Listening Skills (အဆင်ပြေကောင်းမွန်သောပြောဆိုဆက်ဆံရေးနဲ့ နားထောင်မှု စွမ်းရည်)
အရောင်းအဖွဲ့ခေါင်းဆောင်တစ်ယောက်ဟာ ကိုယ့်အဖွဲ့ ထဲက အရောင်းသမားတွေ၊ ၀ယ်သူ တွေ၊ အရောင်း အဖွဲ့ ကိုကူညီထောက်ပံ့ပေးကြတဲ့ အခြားအဖွဲ့ထဲက လူတွေအားလုံးနဲ့ အဆင်ပြေတဲ့ ဆက်ဆံရေးလိုပါတယ်။ ကိုယ့်အရောင်းသမားတွေကို မှန်ကန်တဲ့ လမ်းညွှန်မှုပေးနိုင်ဖို့ဆိုတာ မှန်ကန်တဲ့ ပြောဆိုဆက်ဆံမှုလိုအပ်ပါတယ်။ ကိုယ်ပြောလိုက်တဲ့ စကားဟာသူ့အတွက် ကြိုးစားဖို့ ခွန်အားပိုရှိစေရမှာဖြစ်တယ်။ စိတ်ဓါတ်ကျသွားစေနိုင်တဲ့ အပြောဆိုမဖြစ်ရပါဘူး မဖြစ်သင့်ပါဘူး။ အဲ့လိုပဲ ပြောရုံနဲ့ ပြီးလားဆိုရင်မပြီးဘူး။ နားထောင်တတ်ဖို့လည်းလိုပါတယ်။
နားထောင်တဲ့နေရာမှာလည်း သေသေချာချာနားထောင်ပေးပါ။ နားလည်အောင်နားမထောင်ဘူးဆိုရင် အခြားသူတွေရဲ့ လိုအပ်ချက်တွေ စိတ်သဘောထားတွေကို သိနိူင်မှာမဟုတ်တဲ့အတွက် ဖြည့်ဆည်းပေးနိူင်မှာလဲ မဟုတ်ပါဘူး။ ဒါကြောင့်သေချာနားထောင်တတ်တဲ့ အရည်အချင်းလည်းလိုပါတယ်။
၃) Organization and Time management Skill (အဖွဲ့အစည်းနှင့်အချိန်ပေါ် စီမံခန့်ခွဲမှုစွမ်းရည်)
အရောင်းတစ်ဖွဲ့လုံးရဲ့ တိုးတက်ရေးကို တာဝန်ယူရတာ အလုပ်တွေပုံ စိတ်ဖိစီးမှု ပိုများလာတာအမှန်ပဲ။အချိန်တိုင်းအလုပ်လုပ် နေခြင်းက အားလုံးအောင်မြင်နေတာမဟုတ်ပါဘူး။ ဒီနေရာမှာ အချိန်ပြည့် အလုပ်ကြိုးစားနေခြင်း (hard working) နဲ့ အချိန်တို အတွင်း အကောင်းဆုံးနည်းနဲ့ အောင်မြင်အောင် လုပ်နိုင်ခြင်း (smart working)ကိုသိထားနားလည်ထားဖို့လို ပါတယ်။
ဘယ်အရာက ကိုယ့်အတွက်အဓိက ဦးစားပေးလဲ၊ဘယ်အချိန်တွင်း ပြီးအောင်လုပ်နိုင်မလဲ
ကိုယ့်အဖွဲ့ ထဲက ဘယ်သူနဲ့ ဒီတာ၀န်နဲ့ ကိုက်ညီမလဲ အစရှိတဲ့ ဒီလိုစီမံ ခန့်ခွဲနိုင်ခြင်းဟာလည်း ခေါင်းဆောင် ကောင်းတစ်ယောက် မှာရှိရမယ့် အရည်အချင်းတစ်ခု ဖြစ်ပါတယ်။
၄) Motivational Skill (စိတ်ဓာတ်ခွန်အား ပေးနိုင်မှုစွမ်းရည်)
အသင်းအဖွဲ့ တစ်ခုမှာ အားလုံးပူးပေါင်းပါ၀င် ဆောင်ရွက်မှ လိုချင်တဲ့ ရည်မှန်းချက်ကို ရောက်မှာပါ။ ဒီတော့ ကိုယ့်အရောင်းအဖွဲ့ ထဲက လူတွေရဲ့ တက်ကြွစွာ အလုပ်လုပ်ကြခြင်းဟာ လည်း အရမ်းအရေးကြီးပါတယ်။ ဒီတော့ ဦးဆောင်သူ တစ်ယောက်အနေနဲ့ ဘယ်အရာက ကိုယ့်လက်အောက်ကလူတွေကို စိတ်ဓာတ်တက်ကြွ အလုပ်အပေါ် ချစ်စိတ်ပေါ်လာစေသလဲ။
သူတို့ကို ဘယ်လို သင်တန်းမျိုးတွေ၊ လေ့ကျင့်ပေးမှုတွေ၊ ဘယ်လိုအကြံဉာဏ်တွေ နဲ့ ပံ့ပိုးပေးရင် ပိုကောင်းတဲ့ ရလဒ်တွေ ရနိုင်မလဲ။
ဒါတွေကိုနားလည်မှသာ ရောင်းအားကောင်းတဲ့ အဖွဲ့ တစ်ခုကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။
၅) Leadership Skill (မှန်ကန်သော ဦးဆောင်မှုစွမ်းရည်)
ခေါင်းဆောင် တစ်ယောက်ဖြစ်လာပီဆိုရင် “ငါ” အစား “ငါတို့” လို့ပြောင်းစဉ်းစားပါ။
ကိုယ့် ရဲ့အောင်မြင်မှုဟာ ကိုယ်တစ်ယောက်ထဲတော်နေလို့ မဟုတ်ပါဘူး၊ တစ်သင်းလုံးတော်လို့ပါ။
ဒီတော့ ကိုယ့်အဖွဲ့ အတွက် ကိုယ်ဟာ ယုံကြည်ရတဲ့သူ၊စိတ်ရှည်သူ၊ တာ၀န်ယူမှု တာ၀န်ခံမှုရှိသူ၊ အမြဲတမ်းလေ့လာနေသူ၊ကိုယ့်လုပ်ငန်းနဲ့ ဆိုင်တဲ့ လုပ်ငန်း ကျွမ်းကျင်မှုရှိသူ၊ အလုပ်ကြိုးစားသူ၊သူတို့ကို အောင်မြင်စေချင်တဲ့ စိတ်ရှိသူ လို့ ခံစားနေရမယ်ဆိုရင်ကိုယ့် လက်အောက်က လူတွေရဲ့လေးစားမှုနဲ့ ယုံကြည်မှု ကိုရပြီး ပိုမိုကောင်းမွန်တဲ့ အခြေအနေတစ်ခု ရောက်အောင်ဦးဆောင်နိုင်မှာပါ။
ကဲ …ကိုယ့်ရဲ့ အဖွဲ့အစည်းကို မှန်ကန်တဲ့ လမ်းညွန်မှုနဲ့၊ အောင်မြင်တဲ့ ဦးဆောင်မှုပေးနိုင်တဲ့ ခေါင်းဆောင်ကောင်းတွေ အဖြစ်ရပ်တည်နိုင်ပါစေ။
အရောင်းနဲ့ပတ်သတ်တဲ့ ဗဟုသုတတွေဖတ်ရှု့ချင်ရင်တော့ ကျွန်တော်တို့ Better Version Website မှာအချိန်မရွေး ဖတ်ရှု့ လေ့လာနိုင်ပါတယ်။
အရောင်းပိုင်းနဲ့ ဆိုင်တဲ့ သင်တန်းများ စုံစမ်းချင်တယ်ဆိုရင် မက်ဆေ့မှ တစ်ဆင့် စုံစမ်းနိုင်ပါတယ်။
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။