လုပ်နည်းကိုင်နည်းကို ပြောင်းပါ။ ရည်မှန်းချက်တော့ ခိုင်မြဲပါစေ
May 19, 2020 2021-07-28 18:30လုပ်နည်းကိုင်နည်းကို ပြောင်းပါ။ ရည်မှန်းချက်တော့ ခိုင်မြဲပါစေ

လုပ်နည်းကိုင်နည်းကို ပြောင်းပါ။ ရည်မှန်းချက်တော့ ခိုင်မြဲပါစေ
Change Your “How”, Not “Why” and “What”
လူတစ်ယောက်ဟာ ဘာတွေမျှော်လင့်ထားလဲ။ ဘာတွေရချင်တာလဲ။ ကိုယ်တိုင် ရှင်းလင်းဖို့ လိုပါတယ်။ သူလိုချင်တဲ့ ရလာဒ်၊ ရည်မှန်းချက်ပန်းတိုင်တွေ၊ လိုချင်တဲ့ အရာတွေကို စဉ်းစားပြီးရင် နောက်ထပ်ဆက်ပြီး စဉ်းစားရမှာကတော့ ရည်ရွယ်ချက်ဖြစ်ပါတယ်။
ဒါဟာ ဘာကြောင့်လဲဆိုရင် ဒီရည်ရွယ်ချက် ရှိခြင်းဟာ ကြိုးစားနေစဉ်မှာလဲ ခွန်အားပေးနိူင်တယ်။ အခက်အခဲတွေရှိလို့ ကျော်လွှားတဲ့ အခါမှာလဲ ရည်ရွယ်ချက်ဟာ အထောက်အကူဖြစ်စေတယ်။ ဒါအပြင် ပူးပေါင်းလုပ်ဆောင်ဖို့ ရှိလာတဲ့ အခါတွေမှာလဲ သွေးစည်းညီညွတ်မှုကို ဖြစ်စေပါတယ်။ ဒါကြောင့်ကိုယ့်လိုချင်တဲ့ ရလာဒ်ကို လိုချင်ရတဲ့ အကြောင်းရင်းကို သေချာရှာပါ။
ပြီးရင်တော့ နောက်တစ်ခု ဆက်စဉ်းစားရမှာကတော့ ဘယ်လိုရအောင်လုပ်မှာလဲ ဆိုတာမျိုးဖြစ်ပါတယ်။
ဥပမာ။ ။ ကျွန်တော်က ရန်ကုန်ကနေ မန်းလေးကို မိတ်ဆွေတွေနဲ့ တွေ့ဖို့အတွက် သွားမယ် ဆိုပါတော့။
ဒီနေရာမှာ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ဟာ မိတ်ဆွေများနဲ့ တွေ့ဆုံခြင်း ဖြစ်ပြီးတော့ ကျွန်တော်လိုချင်တဲ့ ရလာဒ်ကတော့ မန်းလေးကို ရောက်ရှိခြင်းဖြစ်တယ်လို့ပြောလို့ရပါတယ်။
အဲဒါနောက်မှာ ကျွန်တော် ဆက်ပြီးတော့ စဉ်းစားရမှာကတော့ ဘယ်လိုသွားမလဲ။ ရန်ကုန်ကနေ မန်းလေးကို သွားစရာ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ လေယာဉ်၊ ဘက်စ်ကား၊ ကိုယ်ပိုင်ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ လမ်းလျှောက်သွားမယ်။ တခြားဟာတွေ ရှိနိူင်သေးတယ်။
အဲဒီမှာမှ ကျွန်တော်မှာရှိတဲ့ အရင်းအမြစ် (အချိန်၊ ငွေ၊ စွမ်းရည်) စတဲ့ အရာတွေပေါ်မှာ မူတည်ပြီးတော့ အကောင်းဆုံးနဲ့ အသင့်တော်ဆုံး ဖြစ်တဲ့လမ်းကြောင်းကို ရွေးချယ်သင့်ကြတာမျိုး ဖြစ်ပါတယ်။
ဆိုပါတော့ ကျွန်တော်မှာ အချိန်အများကြီးတော့ မရှိဘူး။ ငွေတော့ အနည်းငယ် တက်နိူင်တယ်ဆိုရင် ကျွန်တော် လေယာဉ် နဲ့သွားမယ်။
ကျွန်တော် အချိန်ရှိတယ်။ ကားလဲ အေးဆေးမောင်းနိူင်တယ်။ ကားလဲ ရှိတယ်ဆိုရင် ကိုယ်တိုင်ကားမောင်းပြီး သွားမယ်။
ကျွန်တော်မှာ အချိန်လဲ ရှိတယ်။ ငွေတော့ သိပ်မရှိဘူးဆိုရင် ကားလဲမရှိဘူးဆိုပါတော့ ဒါဆိုရင် ကျွန်တော်အတွက် အသင့်တော်ဆုံးက ဘက်စ်ကား ဖြစ်မှာပေါ့။
ဒီသဘောပါဘဲ။ ကျွန်တော်တို့ဘဝမှာ အောင်မြင်ချင်ကြတယ်။ ကြိုးစားကြတယ်။ နေရာတစ်ခုကို ဦးတည်ပြီး သွားလေ့ရှိကြတယ်။ ဒါပေမယ့် ကျွန်တော် အခုတော်တော်များတွေ့လာရတာကေတာ့ လမ်းကြောင်းပျောက်ပြီးတော့ ဦးတည်ချက်မရှိဘဲ လိုင်းကြောင်တဲ့ သဘောတွေ ဖြစ်လာတာတွေ တွေ့လာရပါတယ်။
ဒီအလုပ်ကို လုပ်မယ်ဆိုပြီး စလုပ်တယ်။ ဘာဖြစ်ချင်တယ် ညာဖြစ်ချင်တယ်။ နောက်ခနလဲ နေရော ဟိုဟာ ဖြစ်ချင်တယ်။ ဒီဟာ ဖြစ်ချင်တယ်။ ဖြစ်ကုန်ရော၊ အဲလိုနဲ့ဘဲ ဘယ်မှမရောက် အမှတ်တရ များစွာနဲ့ ကျဆုံးနေကြရတာ ဖြစ်တယ်လို့ကျွန်တော်ထင်ပါတယ်။
ဒါကြောင့် ကိုယ်ဘဝမှာ ဘာတွေကို တကယ်လိုချင်တာလဲ။
ဘာကြောင့် ဒါတွေကို လိုချင်တာလဲ။ ဒီမေးခွန်းနှစ်ခု ကိုသေချာ အချိန်ပေးစဉ်းစားပြီးတော့ ဆုံးဖြတ်သင့်ပါတယ်။
ပြီးရင်တော့ ဘယ်လိုနည်းလမ်းတွေနဲ့ ရအောင်လုပ်မှာလဲ ဆိုတာ အလိုလို စဉ်းစားမိလာပါလိမ့်မည်။ ရှေ့ဆက်ရုံပါဘဲ။ ဒီလိုနဲ့ တခြားပိုကောင်းတဲ့ နည်းလမ်းတွေလဲ တွေ့လာနိူင်သလို၊ ကိုယ်ရွေးထားတဲ့ နည်းလမ်းဟာ အလုပ်မဖြစ်တာမျိုးတွေလဲ တွေ့လာနိူင်ပါတယ်။ ဒီလိုအခါမျိုးမှာတော့ နည်းလမ်းကို ပြောင်းပါ။ ဒါပေမယ့် ကိုယ်လိုချင်တဲ့ ရလာဒ် နဲ့ ရည်ရွယ်ချက်တွေကိုတော့ မပြောင်းပါနဲ့။
နည်းလမ်းကိုသာ ပြောင်းပါ။ ရည်မှန်းချက် နဲ့ ရည်ရွယ်ချက် ကို မပြောင်းပါနဲ့။
#BetterLife
#BetterVersion
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။