ဂရုတစိုက် နားထောင်ခြင်းအနုပညာ…
July 28, 2020 2021-07-18 19:20ဂရုတစိုက် နားထောင်ခြင်းအနုပညာ…
ထိပ်တန်း အရောင်းသမားတစ်ယောက် ဖြစ်ဖို့ လိုအပ်တဲ့ အရည်အချင်းတွေထဲမှာ နားထောင်တတ် ခြင်းဆိုတာကလည်း အရေးပါတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ က နားထောင်တတ်မှ လူတွေကို နားလည်မယ်၊ heart ထိအောင်ပြောနိုင်မယ်၊ သူရဲ့ လိုအပ်ချက် (need) လိုအင် (want) တွေကိုလည်းသိအောင်လုပ်နိုင်မှာဖြစ်ပါတယ်။ ပြီးမှဘဲ ဝယ်သူရဲ့ လိုအပ်ချက်၊ လိုအင်နဲ့ ကိုယ့်ရောင်းကုန်က ပေးမယ့် အကျိုးကျေးဇူးတွေနဲ့ ချိတ်ဆက်ပြောဆိုပြီး ရောင်းချနိုင်မှာလဲ ဖြစ်ပါတယ်။
ဒီတစ်ခါမှာတော့ ကျွန်တော်ဆွေးနွေးပေးချင်တာက ဂရုတစိုက်ဘယ်လိုနားထောင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီးသိထားသင့်တဲ့ အချက်တွေကို ဆွေးနွေးပေးသွားချင်ပါတယ်။
၁) Stop talking စကားပြောတာကိုရပ်ပါ
အရောင်းသမားတွေအနေနဲ့ စကားများများပြောရမယ်၊ ကိုယ့် ကုန်ပစ္စည်းအကြောင်းပါ၀င်တဲ့ features တွေ၊ Benefits တွေကို ၀ယ်သူကို ရှင်းပြပေးရမယ် ဆိုတာတော့ ဟုတ်ပါတယ်။ အဲဒီလို ပြောနေရုံနဲ့ အရောင်းတစ်ခုဖြစ်ပြီလားဆိုတော့ မဟုတ်သေးပါဘူး။ customer ဘက်ကနေလည်း သူပြောချင်တာတွေ သူ့ရဲ့ ထင်မြင်ချက်တွေရှိနေမှာပဲလေ။ ကျွန်တော်တို့ ပြောနေတာတွေကို ရပ်ပြီး သူ့ကို ပြောခွင့်ပေးမှ သူရဲ့ ထင်မြင်ချက်၊ ယူဆချက် စတဲ့ ၀ယ်သူရဲ့ ကိုယ့်ကုန်ပစ္စည်းအပေါ် မှာရှိနေတဲ့ သဘောထားကို သိနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ပြောနေတာတွေရပ်ပြီး နားထောင်ပေးဖို့လိုပါတယ်။
၂) Give your Customer Undivided Attention ပြောချင်တာ စိတ်ရောလူရော သေချာ ဂရုတစိုက် နားလည်ဖို့အတွက် နားထောင်ပါ
တစ်ခါတစ်လေကျတော့ ကျွန်တော်တို့ လည်းခံစားမိမှာပါ။ ကိုယ့်ရှေ့မှာသာစကားထိုင်ပြောနေတာ သူစိတ်က အခြားရောက်နေတာမျိုးပေါ့ ။ အရောင်းသမားတွေအနေနဲ့လည်း တစ်ခါတစ်လေကြတော့ ဖြစ်တတ်ပါတယ်။ အခြားအကြောင်းအရာတစ်ခုကိုစဥ်းစားနေတဲ့အခါမျိုးကြတော့ ကိုယ့် customer ပြောချင်တဲ့ အကြောင်းကဘာလဲ သေချာနားမလည်တော့ဘူး။ လူကိုယ်တိုင်ရောင်းတာပဲဖြစ်ဖြစ်၊ ဖုန်းပြောနေတာပဲဖြစ်ဖြစ် သူမေးတာက တစ်ခြား၊ ကိုယ်ဖြေနေတာက တစ်ခြားဆိုတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါဆိုရင်တော့ သူကိုယ့်ဆီက ဝယ်ဖို့မသေချာတော့ပါဘူး။ ဒါ့ကြောင့် အရောင်းသမားတွေအနေဲ့ ကိုယ့်ဝယ်သူပြောတာကို နားလည်ဖို့ Attention ပေးပြီး နားထောင်ဖို့လိုပါတယ်။
၃) Notice your customer’s Tone of Voice and Body Language
တစ်ခါတစ်လေကျတော့ အရောင်းသမားတွေအနေနဲ့ အရမ်းရောင်းချင် နေတဲ့အခါ ကိုယ်ပြောချင်တာကိုသာ အဓိကပြောနေတာ တစ်ပါးသူ စိတ်၀င်စားရဲ့လား၊ နားထောင်နေရဲ့လားဆိုတာကို စဥ်းစားဖို့ မေ့နေတတ်ကြပါတယ်။ ဆိုတော့ ကျွန်တော်တို့က ၀ယ်သူတွေရဲ့ ကိုယ်ပြောလိုက်တာကိုတုံပြန်ပုံ၊ ဖုန်းနဲ့ပြောနေတယ်ဆိုလည်း အသံနေအသံထား ၊ လူကိုယ်တိုင်သွားရောင်းတာဆိုလည်း သူရဲ့ Body Language ဒါတွေကို အကဲခတ်ဖို့တော့လိုပါတယ်။ ကိုယ့်ဝယ်သူက ထုတ်မပြောပေမယ့် သူစိတ်မဝင်စားတော့ဘူး၊ ကိုယ်ရှင်းပြနေတာတွေက သူ့အတွက်ပျ င်းစရာကောင်းတဲ့ အနေအထားဖြစ်နေပြီ ဆိုတာကို သူရဲ့ Tone of Voice နဲ့ Body Language ကို အကဲခတ်ပြီး ကိုယ်ပြောနေတဲ့ Topic ကိုပြောင်းဖို့စဥ်းစားရမှာပါ။
၄) Take Detail Notes
ဒါကတော့ အရေးကြီးတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ တစ်ခါတစ်လေကျတော့ ကျွန်တော်တို့က အာရုံတွေများတယ်ဗျာ၊ ပြောလိုက်တယ် မေ့သွားတယ်၊ ရောသွားတယ်စသည်ဖြင့်ပေါ့ အရောင်းသမားတစ်ယောက်က ဝယ်သူတွေအများကြီးနဲ့ ပြောဆို ဆက်ဆံရတဲ့ အခါ၊ အားလုံးကို အလွယ်တကူမှတ်မိဖို့မလွယ်ပါဘူး ကိုယ့်ဝယ်သူ သူ့ဆီကို ဘယ်နေ့တော့ အရောက် ကုန်ပစ္စည်းကိုပို့ပေးပါလို့ ပြောတာကို မမှတ်ထားလိုက်မိလို့ ဝယ်သူနဲ့ အဆင်မပြေဖြစ်တာမျိုးတွေ စသည်ဖြင့်ပေါ့ ဒါတွေမဖြစ်စေဖို့အတွက်ကတော့ customer ပြောတဲ့၊ request လုပ်တဲ့ အချက်ကို notes မှတ် တဲ့ အကျင့်ကို လုပ်ဖို့အကြံပေးလိုပါတယ်။ ဒါမှသာ customer ဘက်ကလည်း သူပြောတာကို နားထောင်နေပါလား၊ အလေးထား လိုက်မှတ်ပါလားဆိုတဲ့ခံစားချက်ရမှာဖြစ်ပါတယ်။
လူတွေက ငါ့ကို နားလည်ပါလားဆိုတဲ့ ခံစားချက်ရှိတဲ့ လူတွေဆီကနေ ဝယ်ဖို့ ပိုများပါတယ်။
၅) Ask Insightful Questions to Understand Your Customer’s Needs
အရောင်းသမားတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ customer ပြောတာကို သေချာ နားထောင်ပါဆိုတဲ့နေရာမှာ နားထောင်နေလိုက်ရုံနဲ့ ကတော့ မပြီးပါဘူး။ သူပြောတာနဲ့ပတ်သက်ပြီး သူ့ရဲ့ စိတ်၀င်စားမှုကို တက်စေတဲ့ မေးခွန်းမျိုးတွေမေးပေးဖို့လည်းလိုပါတယ်။ ကျွန်တော်ရှေ့က Blog တွေမှာဆိုလည်း မေးခွန်း မေးပုံမေးနည်တွေ ကို ဆွေးနွေးပေးထားပါတယ်။ customer ကို reconfirm လုပ်တဲ့ မေးခွန်းတွေမေးပေးသင့်ပါတယ်။ ဒီလိုမေးခြင်းအားဖြင့် customer နဲ့ ကိုယ့် ကြားမှာ နားလည်မှုလွဲခြင်း ဆိုတာကိုလည်းရှောင်ရှားနိုင်မယ်၊ ကိုယ့် customer အနေနဲ့လည်းသူ့ပြောနေတာကို အလေးထားနားထောင်နေပါလားဆိုတဲ့ ခံစားချက်ရမှာဖြစ်ပါတယ်။
ကျွန်တော်တို့ Better Sales Mastery Series ရဲ့ သင်တန်းတစ်ခု ဖြစ်တဲ့ Better Salesman_online course မှာတော့ Art of Listening ကို သင်ခန်းစာတစ်ခု အနေနဲ့ သင်ပါတယ်။
အရောင်းနဲ့ပတ်သတ်တဲ့ ဗဟုသုတတွေဖတ်ရှု့ချင်ရင်တော့ ကျွန်တော်တို့ Better Version Website မှာအချိန်မရွေး ဖတ်ရှု့ လေ့လာနိုင်ပါတယ်။
အရောင်းပိုင်းနဲ့ ဆိုင်တဲ့ သင်တန်းများ စုံစမ်းချင်တယ်ဆိုရင် မက်ဆေ့မှ တစ်ဆင့် စုံစမ်းနိုင်ပါတယ်။
#Artoflistening #BetterVersion #UnlockingYourHighestPotentials
#BetterSalesStrategist #BetterSalesman