သင့်ကုန်ပစ္စည်းကို ဈေးကွက်ထဲမှာ မတူကွဲပြားအောင် ဖန်တီးနိုင်ဖို့ နည်းလမ်း ၅ ခု
August 20, 2021 2021-08-20 12:02သင့်ကုန်ပစ္စည်းကို ဈေးကွက်ထဲမှာ မတူကွဲပြားအောင် ဖန်တီးနိုင်ဖို့ နည်းလမ်း ၅ ခု

သင့်ကုန်ပစ္စည်းကို ဈေးကွက်ထဲမှာ မတူကွဲပြားအောင် ဖန်တီးနိုင်ဖို့ နည်းလမ်း ၅ ခု
သင့်ကုန်ပစ္စည်းကို ဈေးကွက်ထဲမှာ မတူကွဲပြားအောင် ဖန်တီးနိုင်ဖို့ နည်းလမ်း ၅ ခု
ကျွန်တော်တို့က ဈေးကွက်ထဲမှာ ကုန်ပစ္စည်းကို ဖြန့်ဖို့ ရောင်းချင်တဲ့ target customer ရွေးတာတွေ၊ ဈေးကွက်ထဲမှာ ဘယ်လို နေရာမျိုးကို ယူမှာလည်း (positioning) တွေ လုပ်ပြီးတဲ့အခါ ပြိုင်ဘက်တွေထက် ဘာတွေ သာအောင် လုပ်မှာလဲဆိုတဲ့ (differentiation strategy) ကလည်း မဖြစ်မနေ ထည့်သွင်းစဉ်းစားရမယ့် အချက်တစ်ခုဖြစ်ပါတယ်။
ဒီတော့ သင့်လုပ်ငန်းအတွက် အသုံးချလို့ ရမယ့် မတူကွဲပြားအောင် ဖန်တီးနိုင်ဖို့ နည်းလမ်း ၅ ခုကိုလေ့လာကြည့်ရအောင်။
၁) Product differentiation (သင်ရောင်းတဲ့ ကုန်ပစ္စည်းကို မတူကွဲပြားအောင်ဖန်တီးခြင်း)
သင်ထုတ်လုပ်ရောင်းချမယ့် ကုန်ပစ္စည်းကိုလည်း သူများနဲ့မတူအောင် ဖန်တီးဖို့ ကြိုးစားလို့ရတာ ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းနဲ့ ပတ်သက်လို့ ပိုပြီးဆွဲဆောင်မှုရှိအောင် လူစိတ်ဝင်စားအောင် ဖန်တီးမှာလား၊ ဈေးကွက်ထဲမှာ ယှဉ်ကြည့်ရင် သင့်ကုန်ပစ္စည်းက ပိုကြာရှည်ခံ သုံးနိုင်တဲ့ အမျိိုးအစားမျိုး ဖြစ်အောင် ဖန်တီးမှာလား၊ ပါဝင်တဲ့အင်္ဂါရပ်တွေ ကအခြားပစ္စည်းတွေထက်များအောင် ဖန်တီးမှာလား စသည်ဖြင့် သင်ရောင်းတဲ့ ကုန်ပစ္စည်း အမျိုးအစားပေါ်မှာ မူတည်ပြီး သူများထက် သာအောင် လုပ်နိုင်ဖို့ စဉ်းစားရမှာ ဖြစ်ပါတယ်။
ဥပမာ_ ရေမွှေးထုတ်တယ်ဆိုပါစို့။ ပုံမှန် ရောင်းနေကျ ရေးမွှေးပုလင်းပုံစံမျိုးတွေထက် လူစိတ်ဝင်စားတဲ့ ဒီဇိုင်းလှလှ ပုလင်းသေးသေးလေးတွေ ဖန်တီးဖို့ စဉ်းစားလို့ ရပါတယ်။ ဒါဆိုရင် ဝယ်သူတွေအနေနဲ့ လောလောဆယ် အသုံးလိုနေတဲ့ ပစ္စည်း မဟုတ်ရင်တောင်မှ ပုလင်းပုံလေးကို ကြိုက်လို့ဝယ်တာတို့၊ ချစ်လို့ ဝယ်လိုက်တယ်တို့ ဆိုတာမျိုးတွေ နဲ့ ဝယ်ယူတာတွေ ရှိမှာ ဖြစ်ပါတယ်။
၂) Service differentiation (ဝန်ဆောင်မှုပိုင်းနဲ့ ပတ်သက်လို့ မတူကွဲပြားအောင် ဖန်တီးခြင်း)
၂၁ ရာစုမှာ ဝယ်သူတွေဟာ စျေးအသက်သာဆုံးဆိုတာကနေ ၀န်ဆောင်မှုအကောင်းဆုံးဆိုတဲ့ ရွေးချယ်မှုကို ပြောင်းလဲလာကြတယ်ဆိုတဲ့ အချက်ကို မမေ့သင့်ပါဘူး။ ပစ္စည်းတူရင်တောင် ဝန်ဆောင်မှု ပိုင်းနဲ့ပတ်သက်လို့ ပိုသာအောင် ဖန်တီးနိုင်ဖို့ ကြိုးစားလို့ရပါတယ်။ ထုတ်ကုန်တစ်ခုကို နည်းလမ်းသိရင် တူအောင် လိုက်ထုတ်နိုင်ဖို့ ကြိုးစားလို့ရပေမယ့် ဝန်ဆောင်မှုပိုင်းမှာပါ တူအောင် လိုက်လုပ်နိုင်ဖို့ ကတော့ မလွယ်ကူပါဘူး။
ဒီတော့ သင့်အနေနဲ့ သင့်ကုန်ပစ္စည်းက သူများတွေနဲ့ ယှဉ်ရင် လွယ်လွယ်ကူကူမှာလို့ရအောင် လုပ်ထားတာမျိုး (ဥပမာ_ အော်ဒါတစ်ခါမှာဖို့ ဖုန်း ၃ ခါလောက်ဆက်နေရမယ့် အစား မက်ဆေ့လေး တစ်ကြောင်းပို့လိုက်တာနဲ့ အော်ဒါ confirm ဖြစ်သွားအောင် လုပ်ထားတာမျိုးပါ) ၊ delivery ကို အကြာကြီး စောင့်စရာမလိုဘဲ ပို့ပေးတာမျိုး၊ ဥပမာ_အခြားဆိုင်က မှာလိုက်ပြီဆိုရင် ၁ ပတ်လောက်ကြာပေမယ့် သင်က ၂ ရက်အတွင်း ပစ္စည်းရောက်အောင် ပို့ပေးတာမျိုးဖြစ်ပါတယ်။
နောက်ပြီး သင်ရောင်းတဲ့ ကုန်ပစ္စည်းက နည်းပညာပိုင်းရှုပ်ထွေးတဲ့ (technical complex) ဖြစ်တဲ့ ပစ္စည်းမျိုး (ဥပမာ_ရုံးသုံး၊ လုပ်ငန်းသုံး software တွေ) ရောင်းတာဆိုရင် ဝယ်သူကို ကျွမ်းကျွမ်း ကျင်ကျင် သုံးတတ်သွားအောင် training ပေးတာမျိုးလည်း စဉ်းစားလို့ရပါတယ်။ ဝယ်သူကို ပိုမို အဆင်ပြေလွယ်ကူ သွားစေတဲ့ ဘယ်လို ဝန်ဆောင်မှုမျိုးမဆို ပေးနိုင်အောင် လုပ်ခြင်းအားဖြင့်လည်း မတူကွဲပြားအောင် ဖန်တီးလို့ရပါတယ်။
၃) Personnel differentiation (ဝန်ထမ်းတွေရဲ့ အရည်အချင်းနဲ့ မတူကွဲပြားအောင် ဖန်တီးခြင်း)
လုပ်ငန်းတွေမှာ တန်းဖိုးကြီးတဲ့ asset (ပိုင်ဆိုင်မှု) တွေထဲမှာ brand image/ brand name တွေ၊ လုပ်ငန်းကျွမ်းကျင်မှု ရှိတဲ့ ဝန်ထမ်းတွေပါ ပါတယ်။ ဒါ့ကြောင့် ဝယ်သူတွေနဲ့ တိုက်ရိုက်ပြောဆို ဆက်ဆံနေရတဲ့ သင့်ဝန်းထမ်းတွေကို အရည်အချင်း (skills) တွေတက်လာအောင် လုပ်ပေးပြီး တော့လည်း ပြိုင်ဘက်တွေထက် သာအောင်လုပ်နိုင်ပါသေးတယ်။
သင့်ဝန်ထမ်းတွေကို ဝယ်သူမေးလိုက်တဲ့ မေးခွန်းတိုင်းအတွက် ချက်ကျလက်ကျနဲ့ ဖြေနိုင်ဖို့၊ ဝယ်သူကို ယဉ်ကျေးပြူငှာစွာ ဆက်ဆံတတ်ဖို့၊ ယုံကြည်ရတဲ့ အနေအထားဖြစ်အောင် နေတတ်ဖို့၊ ဝယ်သူမေးတဲ့အခါ မှန်မှန် ကန်ကန် နဲ့ မြန်မြန်ဆန်ဆန် ပြန်ပြောနိုင်အောင် လုပ်ငန်းကျွမ်းကျင်မှု ရှိဖို့ စတာတွေအတွက် training တွေပေးတာမျိုးတွေလုပ်ထားပေးလို့ ရပါတယ်။ ဝယ်သူရဲ့ စိတ်ထဲမှာ ဒီဆိုင်က ဝန်ထမ်းတွေက အခြားဆိုင်တွေကနဲ့ မတူဘူး အရမ်း စိတ်ရှည်တာပဲ၊ ဘာမေးမေး သေချာသိတယ်၊ သေချာ ဖြေပေးတယ်ဆိုတာမျိုးနဲ့ ပြိုင်ဘက်တွေထက် သာအောင် ကြိုးစားလို့လည်း ရပါတယ်။
ကိုယ်လုပ်ငန်းက လူတွေရဲ့ အရည်အချင်း၊ အတွေ့အကြုံကောင်းတွေကို ဦးစားပေးပြီးတော့ လဲ လုပ်နိုင်ပါတယ်။ ဥပမာ။ ။ ကျွန်တော်တို့ လုပ်ငန်းက ဝန်ထမ်းတွေကတော့ ဘယ်လို အဖွဲ့အစည်းက အသိအမှတ်ပြုလက်မှတ်တွေရထားတဲ့ လူတွေကိုဘဲ ခန့်ထားပါတယ်။ အနည်းဆုံးလုပ်ငန်းအတွေ့အကြုံ ဘယ်လောက်ရှိသူတွေနဲ့ ဖွဲ့စည်းထားပါတယ်။ စသည်ဖြင့် ကိုယ့်လုပ်ငန်းက လူတွေရဲ့ ကျွမ်းကျင်မှု၊ဂုဏ်သိက္ခာ၊ အတွေ့အကြုံ စတာတွေနဲ့လဲ မတူကွဲပြားအောင် လုပ်နိုင်ပါတယ်။
၄) Channel/distribution differentiation (ဖြန့်ဖြူးရေးပိုင်းမှာ အားသာအောင်လုပ်ပြီး မတူကွဲပြားအောင် ဖန်တီးခြင်း)
နေရာမျိုးစုံမှာ (အထူးသဖြင့် ဝယ်သူရှာတတ်တဲ့ နေရာတိုင်းမှာ ရှိနေအောင်လုပ်ပြီး) သင့်ပစ္စည်းကို ဝယ်ယူ သုံးစွဲနိုင်အောင် လုပ်ထားတာမျိုးပါ။ ဥပမာ_ဆိုင်မှာ လူကိုယ်တိုင်လာဝယ်စရာမလိုဘဲ အွန်လိုင်းကနေလည်း မှာလို့ရအောင် လုပ်ထားတာမျိုး၊ သင့်ရဲ့ Application ထဲကို ဝင်ပြီး အော်ဒါတင်လို့ရတာမျိုး၊ E-commerce site တွေ ကနေ လွယ်လွယ် ကူကူ အော်ဒါတင်လို့ရတာမျိုး၊ ဖုန်းတစ်ချက် ဆက်ရုံနဲ့ အိမ်တိုင်ရာရောက်လာ ပို့ပေးတာမျိုးလည်း လုပ်လို့ရပါတယ်။
Channel Differentiation စဥ်းစားတဲ့အခါမှာ Brand ရဲ့ ရပ်တည်ချက်၊ Positioning တွေကို သတိချပ်ရမယ်။
၅) Image/reputation differentiation (ဝယ်သူတွေ အမြင်မှာ သင့် brand ရဲ့ ပုံရိပ်ကို သူများနဲ့ မတူအောင် ဖန်တီးခြင်း)
ဈေးကွက်ထဲမှာ သင်ရောင်းတဲ့ ကုန်ပစ္စည်း၊ သင့်လုပ်ငန်းကို ဝယ်သူတွေ အပြင် လူတိုင်းက ဘယ်လိုမြင်စေချင်လဲ။ ဒီအချက်ကို စဉ်းစားဆုံးဖြတ်ပြီးတော့ အဲ့လိုမြင်လာအောင်၊ လက်ခံလာအောင် လုပ်ပြီး သူများနဲ့မတူတဲ့ ဈေးကွက်နေရာ ယူခြင်း brand image တည်ဆောက်ခြင်း ဖြစ်ပါတယ်။ သင့် brand ကိုမြင်လိုက်တာနဲ့ ဂုဏ်သိက္ခာရှိတဲ့ brand မျိုးဖြစ်နေအောင် ဖန်တီးတာမျိုးပါ။ ဝယ်သူတွေရဲ့ စိတ်ခံစားချက်မှာ ဒါကို ဝယ်ယူသုံးစွဲလိုက်ခြင်းအားဖြင့် အခြားသူတွေရဲ့ အထင်ကြီးမှုကို ခံစားရတယ်ဆိုတဲ့ စိတ်မျိုး ဖြစ်စေတဲ့ luxury brand မျိုး ဒါမှမဟုတ် ဝယ်သူကို ငါဝယ်လိုက်တာမှန်တယ်ဆိုတဲ့ စိတ်ခံစားချက် ကောင်းမျိုးပေးနိုင်တဲ့ brand မျိုး တည်ဆောက်ပြီး လည်း ပြိုင်ဘက်တွေထက် သာအောင်လုပ်နိုင်ပါသေးတယ်။
ဒီ ၅ ချက်ထဲမှာမှ သင့်ကုန်ပစ္စည်းရဲ့ အနေအထား၊ ဈေးကွက်ရဲ့ အခြေအနေပေါ်မှာ မူတည်ပြီးတော့ ပြိုင်ဘက်တွေ အတွက်လည်း တူအောင်လိုက်တုဖို့ဆိုရင် သုံးစွဲရမယ့် ငွေကြေး၊ အချိန်၊ လူအင်အား စတဲ့ ရင်းနှီးမြှပ်နှံမှု များတဲ့၊ ပုံတူကူးဖို့ ခက်တဲ့၊ အချက်မျိုးကို ရွေးချယ်စဉ်းစား သင့်ပါတယ်။
နောက်တစ်ခုက သင်ရွေးလိုက်တဲ့၊ သုံးလိုက်တဲ့ differentiation နည်းလမ်း ကရော တကယ်ပဲ ဝယ်သူ အတွက် အရေးကြီးတဲ့၊ စိတ်ဝင်စားလောက်တဲ့ အချက်ဖြစ်ရဲ့လား၊ သင်တကယ်ကျွမ်းကျင်တဲ့၊ လုပ်နိုင်တဲ့ အရာဖြစ်ရဲ့လား ဆိုတာကိုလည်း ထည့်သွင်းစဉ်းစားရမှာပါ။ ဒါမှသာ သင်ပိုပြီး ဈေးကွက်နေရာ (market share) ရဖို့၊ လုပ်ငန်းအတွက် အကျိုးအမြတ်များဖို့ အထောက်အကူ ဖြစ်ပါလိမ့်မယ်။
သင့်အနေနဲ့ သင်ရောင်းတဲ့ ကုန်ပစ္စည်းအတွက် ဈေးကွက်ထဲမှာ မတူကွဲပြားအောင် ဖန်တီးနိုင်ဖို့ ဘာတွေ လုပ်လို့ရမလဲ၊ ဘယ်လို strategy တွေ သုံးလို့ရမလဲဆိုတဲ့ idea ရသွားတယ်ဆိုရင် လုပ်ငန်းအတွက် လက်တွေ့လုပ်ကြည့်ပါ။ သင့်မိတ်ဆွေ တွေ အတွက်လည်း အကျိုးရှိသွားစေဖို့ share ပေးလိုက်ပါဦး။
#betterversion #makeyourprogress #morethanyouthink #differentiationways
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။