Better Sales Mastery Series
June 19, 2021 2022-03-08 11:51Better Sales Mastery Series
အရောင်းပိုင်းမှာ ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင် လုပ်ဆောင်နိုင်ပြီး ရောင်းအားတက်လာစေဖို့အတွက်
- အသေးစား၊ အလတ်စား ကိုယ်ပိုင် လုပ်ငန်းရှင်တွေ
- အရောင်းပိုင်း၊ မားကက်တင်းပိုင်းကို တာဝန်ယူထားရတဲ့ မန်နေဂျာတွေ
- အရောင်းပိုင်းကို စိတ်ဝင်စားပြီး အသက်မွေးဝမ်းကြောင်းတစ်ခု အနေနဲ့ ရွေးချယ်ဖို့ စဥ်းစားထားတဲ့လူတွေ
သင်တန်းစာတွေ အားလုံး လေ့လာပြီးလို့ ကိုယ့်လုပ်ငန်းမှာ ပြန်အသုံးမချနိုင်ဘူးဆိုရင် သင်တန်းကြေး ၁၀၀% ပြန်ပေးသွားမှာ ဖြစ်ပါတယ်။
Better Salesman ကတော့
- ဝယ်သူက ကြိုက်တယ် ဒါပေမယ့် မဝယ်သေးဘူး မယူသေးဘူး လို့ အငြင်းခံရတာမျိုး ကျော်လွှားနိုင်ဖို့
- မတူညီတဲ့ ဝယ်သူပုံစံတွေကို အကဲခတ်နိုင်ပြီး နည်းလမ်းပြောင်းရောင်းအားတက်လာဖို့
- ကိုယ့်ရောင်းကုန်ကို ဝယ်သူ ခနတွင်းမှာဘဲ ရှင်းရှင်းလင်းလင်း ပြောပြနိုင်ပြီး မှတ်မိသွားအောင်၊ ဝယ်ဖြစ်သွားအောင် ပြောဆိုနိုင်ဖို့
- ရောင်းအားပိုတက်လာအောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေပိုသိလာဖို့

Better Sales Strategies ကတော့
- ယှဥ်ပြိုင်မှုတွေ ပြင်းထန်လာတဲ့ ဈေးကွက်ထဲမှာ ဘယ်လိုနည်းဗျူဟာတွေချလာနိုင်ပြီး ရောင်းအားတက်လာဖို့
- အားသာချက်၊ အားနည်းချက်တွေကို သုံးသပ်ပြီး ကိုယ့်လုပ်ငန်းနဲ့ တကယ်ကိုက်ညီတဲ့ ဗျူဟာတွေ ချမှတ်နိုင်ဖို့
- လုပ်ငန်းရဲ့ အရေးကြီးတဲ့ ဝယ်သူအသစ်၊ ဝယ်သူအဟောင်းတွေနဲ့ ရေရှည်ဆက်ဆံရေးတည်ဆောက်သွားနိုင်ဖို့
- ဈေးကွက်သုံးသပ်ချက်တွေ စနစ်တကျလုပ်ဆောင်နိုင်ပြီး သေချာတဲ့ ဗျူဟာတွေ စဥ်းစားချမှတ်နိုင်ဖို့

ရောင်းအားတက်လာဖို့အတွက် အဆင်သင့်ဖြစ်နေပြီလား။
Better Sales Leader ကတော့
- ကိုယ့်အရောင်းသမားကို အကောင်းဆုံး စီမံခန့်ခွဲနိုင်ပြီး ထိရောက်မှုရှိရှိ ဦးဆောင်နိုင်ဖို့
- အရောင်းသမားတွေကို ကိုယ့်လုပ်ငန်းချက်နဲ့ကိုက်ညီမှုရှိရှိ ဖွဲ့စည်းတည်ဆောက်နိုင်ဖို့
- စိတ်အားတက်ကြွမှုအပြည့်နဲ့ အလုပ်လုပ် ရောင်းချနေတဲ့ အရောင်းသမားတွေဖြစ်လာအောင် ပျိုးထောင်တတ်ဖို့
- ကိုယ့်လုပ်ငန်းရဲ့ အရောင်းပိုင်း နဲ့ အရောင်းသမားတွေ ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို စနစ်တကျ စီမံခန့်ခွဲ့နိုင်ဖို့

ဘာကြောင့် Better Version က သင်တန်းတွေကို သဘောကျကြတာလဲဆိုရင်
သင်ခန်းစာတွေကို လက်တွေ့နဲ့ချိတ်ဆက်ပြီး ရှင်းလင်းပြောပြတဲ့အတွက် နားလည်လွယ်တယ်။
သီအိုရီတွေအပြင် တကယ်အပြင်မှာလုပ်ဆောင်နေရတဲ့ အတွေ့အကြုံတွေကို အခြေခံပြီး သင်ကြားတဲ့အတွက် နားလည်လွယ်ပြီး လက်တွေ့အသုံးချနိုင်တယ်။ လိုအပ်တဲ့ Format တွေကိုလဲ ထည့်ပေးထားတယ်။
အွန်လိုင်းသင်တန်းဖြစ်တဲ့အတွက် အင်တာနက်ရတဲ့ ဘယ်နေရာ၊ ဘယ်အချိန်မဆို သင်အဆင်ပြေသလို လေ့လာနိုင်တယ်။
ဆရာနဲ့ တစ်ပတ်တစ်ခါဖြစ်ဖြစ် အမေးအဖြေလုပ်နိုင်တဲ့နေ့တွေမှာ တိုက်ရိုက် မေးမြန်းဆွေးနွေးနိုင်တယ်။ Better Version ရဲ့ Communities တွေ Forum တွေမှာလဲ တခြားလုပ်ငန်းခွင်ထဲက လူတွေနဲ့ မိတ်ဖွဲ့နိုင်သလို မေးမြန်းဆွေးနွေးတာတွေလဲ လုပ်နိုင်တယ်။
Better Version က စီးပွားရေးအတွက် အထောက်အပံ့ဖြစ်မယ့် ပွဲတွေမှာ ဦးစားပေးတက်ရောက်ခွင့်၊ Better Version ရဲ့ အထူးဦးစားပေး ဝန်ဆောင်မှုတွေကို ဈေးနှုန်းသက်သာခွင့်ရနိုင်တယ်။
Brands That Trust Better Version

Meet Your Trainer
ဦးမင်းသန်းထွဋ်သည် Pro Niti Co., Ltd ရဲ့ Founder/CEO တစ်ယောက်ဖြစ်ပြီးတော့ ၂၀၁၈ ခုနှစ်အတွက် Myanmar Young Entrepreneur Award ရရှိထားပါတယ်။
BBC News မှာ Myanmar Tourism Young Entrepreneur အနေနဲ့ လည်းကောင်း၊ Rising Star Of Asesan အနေနဲ့ TTG Asia News တွင်လည်းကောင်း ဖော်ပြခံရပါတယ်။
လက်ရှိမှာတော့ စကော့တလန် နိုင်ငံမှ Heriot-Watt University ရဲ့ Edinburgh Business School တွင် မာစတာဘွဲ့အတွက် မာကက်တင်း ဘာသာရပ်အထူးပြုဖြင့်တက်ရောက်နေပါသည်။
Rotman School Of Management, University Of Toronto မှ ပို့ချတဲ့ Behavioural Economics (အပြုအမူဆိုင်ရာ ဘောဂဗေဒ)ဘာသာရပ်ကိုလဲ တက်ရောက်လေ့လာခဲ့ပါသည်။
ဦးမင်းသန်းထွဋ်သည် B.Sc. Chemistry ဘွဲ့ ရရှိပြီးနောက်တွင် ခရီးသွားလာရေးစီမံခန့်ခွဲမှု (Tourism Studies and Management) နှင့် UK နိုင်ငံ ICM အသိအမှတ်ပြု Marketing Management၊ Financial Management နှင့် Digital Marketing Strategy တို့ကိုလည်း လေ့လာခဲ့ပါသည်။ ထို့ပြင် Neuro-Linguistic Programming၊ TimeLine Therapy၊ NLP coaching by American Board of NLP နှင့် Alliances from North American ကဲ့သို့သော အဖွဲ့အစည်းများမှာ အသိအမှတ်ပြု Practitioner တစ်ဦး၊ Trainer တစ်ဦး လည်း ဖြစ်ပါသည်။

Get Our Best Discount Now.
အထူးဈေးနှုန်း အခုဘဲ ရယူလိုက်ပါ။
Our Leaner’s Testimonials