Blog

ကိုယ့် လုပ်ငန်းရဲ့ ရည်မှန်းချက်ပန်းတိုင်နဲ့ အဖွဲ့အစည်းကို ဟန်ချက်ညီအောင်ဘယ်လို လုပ်နိူင်မလဲ။

Web ကိုယ့် လုပ်ငန်းရဲ့ ရည်မှန်းချက်ပန်းတိုင်နဲ့ အဖွဲ့အစည်းကို ဟန်ချက်ညီအောင်ဘယ်လိုလုပ
Business / Leadership

ကိုယ့် လုပ်ငန်းရဲ့ ရည်မှန်းချက်ပန်းတိုင်နဲ့ အဖွဲ့အစည်းကို ဟန်ချက်ညီအောင်ဘယ်လို လုပ်နိူင်မလဲ။

သင့်စီးပွားရေးလုပ်ငန်းတွေ စဉ်ဆက်မပြတ်အောင်မြင်ဖို့ဆိုရင် ကိုယ့်လုပ်ငန်းရဲ့ရည်ရွယ်ချက် နဲ့ အဖွဲ့အစည်းရဲ့လုပ်ဆောင်ချက်တွေက အမြဲတမ်း ဟန်ချက်ညီနေဖို့လိုပါတယ်။

အထက်အရာရှိ ဒါမှမဟုတ် ပိုင်ရှင်၊ မန်နေဂျာတွေက ဖြစ်ချင်တာက တစ်မျိုး အောက်က ဝန်ထမ်းတွေ လုပ်နေတာက တစ်မျိုး ဖြစ်နေတတ်ကြပါတယ်။ ဒါဆိုရင် သေချာတာကတော့ ရည်မှန်းထားသလောက် အောင်မြင်မှုရနိူင်ဖို့ ဖြစ်နိူင်ချေ နည်းပါးသွားပါပြီ။

ဒီနေကျွန်တော် မျှဝေပေးချင်တာကတော့ လွန်ခဲ့တဲ့ သုံးနှစ်လောက်က အင်တာနက်မှာ စာတွေလိုက်ဖတ်ရင်းနဲ့တွေ့ခဲ့တဲ့ SalesForce.com က သုံးတဲ့ နည်းလမ်းကို မျှဝေချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်လဲ သုံးပြုခဲ့ပြီး အလွန်လွယ်ကူပါတယ်။ ထိရောက်ပါတယ်။ အဲဒါကိုမှ ကျွန်တော့်အမြင်နဲ့အနည်းငယ် ပြောင်းလဲပြီးသုံးပါတယ်။ VGBPOM ပါ။

Salesforce.com ရဲ့နည်းလမ်းကို အတိုကောက် V2MOM လို့သုံးပါတယ်။ စကားလုံးတစ်လုံးချင်းစီအနေနဲ့တော့ V = Vision, V = Value, M = Methods, O = Obstacles နဲ့ နောက်ဆုံး M = Measurement ဆိုပြီး ဖြစ်ပါတယ်။

ကျွန်တော်အနေနဲတော့ VGBPOM ( Vison, Goal, Behaviour, Procedure/Policies, Obstacles, Measurement)

ရေရှည်အောင်မြင်တဲ့ လုပ်ငန်းတစ်ခုဖြစ်ဖို့ဆိုရင် အနာဂတ်မျှော်မှန်းချက် ရှိကို ရှိသင့်ပါတယ်။ လုပ်ငန်းတော်တော်များများဟာ ကိုယ့်လုပ်ငန်းကို ရည်ရွယ်ချက်တစ်ခုအတွက် တည်ထောင်ခြင်းထက် ကိုယ်ပိုင်လုပ်ငန်းတစ်ခုလုပ်ချင်လို့၊ သူများဆီမှာ မလုပ်ချင်တော့လို့၊ လုပ်ငန်းတစ်ခုနဲ့ပတ်သက်ပြီးတော့ ကျွမ်းကျင်နေပြီမို့လို စသည်ဖြင့်တည်ထောင်ခဲ့ကြတာများပါတယ်။

ကျွန်တော်ကိုယ်တိုင်လဲ တွန်းအားတစ်ခုကြောင့် လုပ်ငန်းတည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ နောက်တဖြည်းဖြည်း နားလည်လာတာကတော့ အနာဂတ်မျှော်မှန်းချက် မရှိတဲ့ လုပ်ငန်းတွေဟာ ရေရှည်အောင်မြင်မှု မရတတ်ကြပါဘူး။ နောက်ပြီး အဖွဲ့အစည်းရဲ့လုပ်ကိုင်ပုံတွေကလဲ ရည်မှန်းချက် ပန်းတိုင်နဲ့ ဟန်ချက်ညီနေမှ ရလာဒ်ကောင်းတွေရမှာ ဖြစ်ပါတယ်။

Vision ( အနာဂတ် ရည်မှန်းချက်)

ဒီနေရာမှာ စဉ်းစားရမှာကတော့ ကိုယ့်လုပ်ငန်းကို အနာဂတ်မှာ ဘယ်လိုလုပ်ငန်းမျိုးဖြစ်စေချင်လဲ။ ကိုယ့်ဖောက်သည်တွေက ဘယ်လို လုပ်ငန်းမျိုးပါလို့ပြောစေချင်လဲ။ ဘယ်လောက်လောက် အောင်မြင်တဲ့ လုပ်ငန်းဖြစ်ချင်တာလဲ။ အရေးကြီးဆုံး အနေနဲ့ ဒီလုပ်ငန်းတည်ရှိရခြင်းရဲ့အကြောင်းအရင်း (WHY) ကို သေချာစဉ်းစားရမှာ ဖြစ်ပါတယ်။

ဥပမာ။ ။ မြန်မာနိူင်ငံမှ စီးပွားရေးလုပ်ငန်းများကို အပြည်ပြည်ဆိုင်ရာ စျေးကွက်ယှဉ်ပြိုင်မှုအတွက် ကူညီထောက်ပံတဲ့ သူတစ်ယောက် ဖြစ်ရန်။

Goals (ပန်းတိုင်)

ပန်းတိုင်လို့ပြောရင် အိမ်မက်မဟုတ်တော့ပါဘူး။ ကျွန်တော်တို့ ပန်းတိုင်ချမှတ်ရာမှာ တော်တော်များများ သုံးကြတဲ့ SMART Goal Setting ကိုသုံးသင့်ပါတယ်။ အရှည်အနေနဲ့ ဆိုရင်တော့ ( S = Specific, M = Measurable, A = Actionable or Achievable, R = Relevance or Realistic, T = Time limit) ဆိုပြီးဖြစ်ပါတယ်။ ဆိုလိုတာကတော့ ပန်းတိုင်ချမှတ်တဲ့ အခါမှာ တိကျမှု ရှိရမယ်။ တိုင်းတာလို့ရနိူင်ရမယ်။ ရယူနိူင်စွမ်းရှိမယ်၊ စိန်ခေါ်မှုလဲ ရှိသင့်ပါတယ်။ နောက် ကိုယ့်လုပ်ငန်းနဲ့ကိုက်ညီမှုရှိရမယ်။ အချိန်အတိုင်းအတာ ပါရမှာ ဖြစ်ပါတယ်။

ဥပမာ။ ။ ၂၀၁၉ ခုနှစ်အကုန်မှာ အရောင်းဝင်ငွေ သိန်းနှစ်သောင်း ရရှိရန်။

ပန်းတိုင်ချမှတ်တဲ့အခါမှာတော့ များသောအားဖြင့် အရောင်းဒါမှမဟုတ် အမြတ်အစွန်းပေါ်မှာသာ အဓိကထားပြီး ပန်းတိုင်ချလေ့ရှိပါတယ်။ ဒါလဲ ဖြစ်သင့်ပါတယ်။ ဝင်ငွေမရှိဘဲ ရပ်တည်လို့မှ မရတာ ဒါပေမယ့် ကျွန်တော် အနေနဲ့တော့ ကိုယ့် ကုန်အမှတ်တံဆိပ်နဲ့ပတ်သက်ပြီး လဲ ရည်မှန်းချက်ပန်းတိုင်ထားသင့်ပါတယ်။ ဒါအပြင် ကိုယ့်လုပ်ငန်းသဘောသဘာဝ အနေအထားအရလဲ ပန်းတိုင်သတ်မှတ်နိူင်ပါတယ်။

Behavior ( အပြုအမူ၊ လုပ်ဆောင်ချက်)

နောက်တစ်ခုကတော့ ကိုယ့်မှာ အနာဂတ်ရည်မှန်းချက်လဲရှိသွားပြီ။ ပန်းတိုင်လဲ ချမှတ်ပြီးသွားပြီဆိုရင်တော့ ရည်မှန်းချက်တွေဖြစ်လာဖို့အတွက်ဘာတွေလုပ်ရမလဲ။ ကိုယ့်လုပ်ငန်းတစ်ခုလုံးမှာ လုပ်ဆောင်သင့်တဲ့ အပြုအမူ လုပ်ဆောင်ချက်တွေက ဘာတွေဖြစ်မလဲဆိုတာ စဉ်းစားရမှာ ဖြစ်ပါတယ်။

ဥပမာ။ ။

၁) စျေးကွက်ရရှိရေးအတွက် စဉ်ဆက်မပြတ်လုပ်ဆောင်ရမယ်။

၂) ဝန်ထမ်းကောင်းတွေ ရရှိအောင်လုပ်ရမယ်။

၃) ဝန်ထမ်းတွေကို လေ့ကျင့်သင်ကြားပေးတာတွေလုပ်ရမယ်။

၄) ၁၀၀ ရာခိုင်နှုန်း စိတ်ကျေနပ်မှုပေးမယ့် ဝန်ဆောင်မှု ဖြစ်အောင်လုပ်ရမယ်။

၅) Product အသစ်ထုတ်မယ်။

စသည်ဖြင့်ဖြစ်ပါတယ်။

Procedure/Policies ( လုပ်ထုံးလုပ်နည်း သတ်မှတ်ခြင်း၊ စည်းမျဉ်းစည်းကမ်းချမှတ်ခြင်း)

အပေါ်မှာ Behaviors အပြုအမူ၊ လုပ်ဆောင်ချက်စတာတွေ စဉ်းစားပြီးသွားပြီဆိုရင်တော့ အသေးစိတ်အနေနဲ့ လုပ်ဆောင်ချက်တွေကို ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာကို စံမှတ်ချက်တွေရေးရမှာဖြစ်ပါတယ်။ ဘယ်အလုပ်မျိုးကိုတော့ ဘယ်လို အဆင့်ဆင့်လုပ်ဆောင်မယ်။ ဘယ်စံသတ်မှတ်ချက် မှီရမယ်။ ဘယ်အချိန်မှာလုပ်ရမယ် စသည်ဖြင့် အသေးစိတ်စဉ်းစားတိုင်ပင်ပြီးတော့ ရေးရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ တိုင်ပင်တယ်ဆိုတာလေး ကျွန်တော်ထည့်ရခြင်းကတော့ ကိုယ်တစ်ယောက်တည်းနဲ့မပြီးတော့ဘူး။ ဒီလုပ်ဆောင်ချက်ကို လုပ်ရမယ့် နေရာမှာ ပါဝင်နေတဲ့ လူတွေကိုပါ စဉ်းစားပြီး သေချာ တိုင်ပင်ပြီး ရေးသင့်ပါတယ်။

Obstacles (အတားအဆီးများ)

ဒီနေရာမှာတော့ ကိုယ်လုပ်ဆောင်ရမယ့် အကြောင်းအရာတွေကို ရှင်းလင်းသွားပြီဆိုရင်တော့ ဖြစ်လာနိူင်တဲ့ အခက်အခဲ အတားအဆီးတွေကို ကြိုတင်စဉ်းစားရမှာဖြစ်ပါတယ်။

ဥပမာ။ ။ Suppliers တွေဆီကနေ စျေးတက်သွားတာ၊ ဝန်ထမ်းအဝင်အထွက်များလာနိူင်တာ စသည်ဖြင့် စဉ်းစားရမှာဖြစ်ပါတယ်။ ဒါတွေ စဉ်းစားထားခြင်းအားဖြင့် ကြိုတင်ကာကွယ်နိူင်မယ့် နည်းလမ်းတွေလဲ စဉ်းစားမိလာမှာဖြစ်ပါတယ်။

Measurement ( တိုင်းတာခြင်း)

ဒါကတော့ ကိုယ်ချမှတ်ထားတဲ့ ပန်းတိုင်ရောက်လား။ ရောက်နိူင်လား။ မရောက်ဘူးလား။ စသည်ဖြင့် ရလာဒ်တွေကို ကြည့်ပြီး ပြန်လည် သုံးသပ်တာမျိုးဖြစ်ပါတယ်။ တချို့လဲ Contol ဆိုပြီး သုံးလေ့ရှိပါတယ်။ ရည်ရွယ်ချက်တော့ ပန်းတိုင်ကို ရောက်မရောက် ပြန်လည်စစ်ဆေးတာဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော် အကြံပြုချက်အနေနဲ့ ဥပမာ ကိုယ့်ချမှတ်ထားတဲ့ ပန်းတိုင်က တစ်နှစ်စာ ဆိုပါတော့ ဒါဆိုရင် လေးလဆို ဘယ်လောက်ရရမယ်။ ခြောက်ဆိုရင်တော့ ဘယ်လောက်ရရမယ်ဆိုတဲ့ ပန်းတိုင်အသေးလေးတွေ ချထားပြီး လေ့လာသုံးသပ်ပြီး လုပ်ပုံကိုင်ပုံတွေပြောင်းတာ နည်းလမ်းတွေပြောင်းတာ စသည်ဖြင့် လုပ်သင့်ပါတယ်။

ဟုတ်ပါပြီ။ ဒါဆို VGBPOM ကို လုပ်ငန်းတစ်ခုလုံးအတွက်ဘဲ သုံးသင့်တာလား။ ဘယ်လိုလုပ်ရင်ရနိူင်မလဲ။

အရင်ဆုံး ပိုင်ရှင်၊ ဒါမှမဟုတ် CEO ၊ BOD ကလူတွေက လုပ်ငန်းတစ်ခုလုံးအတွက်ကို စဉ်းစားပြီးရေးပါ။ တစ်ချို့နေရာတွေမှာ တခြားလူတွေ ပါနေတဲ့ လုပ်ရပ်မျိုးတွေရှိရင် ခေါ်ပြီးဆွေးနွေးပါ။ အတူတူရေးပါ။ ဒါကတော့ လုပ်ငန်းတစ်ခုလုံးအတွက်ပေါ့။

ဒီနည်းကို Business Unit ဒါမှမဟုတ် Department တစ်ခုချင်းစီအတွက်လဲ သုံးလို့ရပါတယ်။ ဦးဆောင်တဲ့ လူတွေက ဦးဆောင်ပြီး တခြားသူတွေနဲ့ဆွေးနွေးပြီး ဌာန တစ်ခုခြင်းစီအတွက် လုပ်ငန်းခွဲတစ်ခုခြင်းစီအတွက်ဆိုပြီးလဲ လုပ်လို့ရပါတယ်။

အချုပ်အနေနဲ့ ရလာဒ်ကောင်းတွေရပြီး အောင်မြင်တဲ့ အဖွဲ့အစည်း၊ လုပ်ငန်းတစ်ခုဖြစ်ဖို့အတွက်ဆိုရင် VGBPOM နည်းလမ်းကို သုံးပြီး ဟန်ချက်ညီအောင် ပြုလုပ်နိူင်ပါတယ်။

V = Vision

G = Goals

B = Behaviors

P = Procedure/Policies

O = Obstacles

M = Measure

ရလာဒ်ကောင်းတွေရပြီး ရေရှည်အောင်မြင်တဲ့လုပ်ငန်းများ ဖြစ်ကြပါစေ လို့ ဆန္ဒပြုပါတယ်။

#bettterversion #morethanyouthink #makeyourprogres #Businesstips

 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
အခွင့်အရေးကောင်းတွေ လက်မလွတ်သွားဖို့

43% Off
Only For 1st 100

“Book Order” လို့ မက်ဆင်ဂျာမှာ ရိုက်ပေးပါနော်..

အရောင်းတိုးမယ့် စာအုပ်

ပထမဦးဆုံး အယောက် (၁၀၀) အတွက်သာ