Blog

ဖြစ်ချင်တာတွေ မဖြစ်တဲ့အခါ သင့်ကိုယ်သင် အပြစ်တင်စိတ်တွေများနေရင် ဒီအချက်လေးတွေ လိုက်လုပ်ကြည့်ပါ။

Website Blog 3 (1)
V Blog

ဖြစ်ချင်တာတွေ မဖြစ်တဲ့အခါ သင့်ကိုယ်သင် အပြစ်တင်စိတ်တွေများနေရင် ဒီအချက်လေးတွေ လိုက်လုပ်ကြည့်ပါ။

ဖြစ်ချင်တာတွေ မဖြစ်တဲ့အခါ သင့်ကိုယ်သင် အပြစ်တင်စိတ်တွေများနေရင် ဒီအချက်လေးတွေ လိုက်လုပ်ကြည့်ပါ။

၂၀၂၀ ~ ၂၀၂၁ ကာလတွေမှာဆိုရင် ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေ၊ အားသွန်ခွန်စိုက် ကြိုးစားထားပြီးမှ ဖြစ်မလာတာတွေ၊ သင့်ထိန်းချုပ်မှု အောက်မှာ မဟုတ်တဲ့ အခြားသော ပြင်ပအကြောင်းအရာတွေရဲ့ ရိုက်ခတ်မှုတွေကြောင့် သင့်ဆီရောက်လာတဲ့ ဆုံးရှုံးမှုတွေ စတဲ့ စတဲ့ အကြောင်းအရာတွေ ကြောင့် သင့်ကိုယ်သင် အပြစ်တင်တာတွေ အားမလို အားမရစိတ်တွေဝင်လာတတ်ပါတယ်။ အဲ့လိုအချိန်မှာ စိတ်ဖိစီးမှုတွေများပြီး သင့်ကိုပိုပြီး စိတ်ပင်ပန်းစေပါလိမ့်မယ်။

ဒါဆိုရင် ဒီလိုမျိုး အခြေအနေတွေကို အကောင်းဆုံးကျော်ဖြတ်နိုင်စေဖို့ လုပ်ကြည့်သင့်တဲ့ tips အချို့ကို မျှဝေပေးသွား ချင်ပါတယ်။

 

၁) Be Nice to yourself (သင့်ကိုယ်သင် ကြင်နာပါ)

မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါ သင့်ကိုယ်သင် အပြစ်တင်စိတ်တွေ ပိုဝင်လာတတ်ပါတယ်။ အဲ့ဒီ အခြေအနေတုံးက ဒီလိုလုပ်ခဲ့ရင်ကောင်းသား၊ ငါဘာလို့ အဲ့လို မတွေးခဲ့မိပါလိမ့်။ စတဲ့ အတွေးမျိုးတွေပေါ့။ ဒါတွေဟာ အတိတ်ကိုပြန်သွားပြီး ပြင်လို့ရတဲ့ အနေအထားမဟုတ်တဲ့အခါ သင့်ကိုပိုပြီး ပူလောင်စေပါတယ်။ ဒါ့ကြောင့် ဒီအတွေးတွေဝင်လာရင် တတ်နိုင်သလောက် စိတ်အပန်းပြေစေဖို့ သင်နှစ်သက်တဲ့ သီချင်းနားထောင်တာ၊ သင်အကြိုက်ဆုံးအစားအစာမှာစားတာ၊ သင့်ကို ပျော်ရွင်စေတဲ့ လူတွေနဲ့စကားပြောတာ စတဲ့ သင်နှစ်သက်တဲ့ သင့်စိတ်ပျော်စေတယ်လို့ ယူဆရတဲ့ အရာတွ​ကို လုပ်လိုက်ပါ။

 

၂) Reads your favorite books (သင်နှစ်သက်တဲ့ စာအုပ်အမျိုးအစားတွေကိုရွေးဖတ်ပါ)

စာအုပ်ဖတ်တယ်ဆိုတဲ့ နေရာမှာလည်း သင်နှစ်သက်နဲ့ ဝါသနာပါတဲ့အကြောင်းအရာ နဲ့ဆိုင်တဲ့ စာအုပ်မျိုးဖတ်နေရရင်တော့ ကိစ္စမရှိဘူးပေါ့။ ဒါပေမယ့် အလုပ်အတွက် လိုအပ်လို့၊ သိသင့်တဲ့ အကြောင်းအရာမို့လို့ အတင်းကြိုးစားပြီး စိတ်မပါတဲ့ကြားက ဆက်ဖတ်နေရင် နဂိုထဲကမှ စိတ်ပင်ပန်း နေရတဲ့ ကြားထဲ လူကိုပိုပြီး ပင်ပန်းစေပါလိမ့်မယ်။ ဥပမာ_ဘဝရဲ့ အကြောင်းအမျိုးမျိုးကြောင့်သာ လူတွေအများကြီးနဲ့ ပြောဆိုဆက်ဆံရတဲ့ အရောင်းပိုင်းမှာ လုပ်နေတယ်။ သင်က အမှန်တကယ်ဝါသနာပါတဲ့ သင့်စိတ်ကို ပျော်စေတဲ့ အကြောင်းအရာက တစ်ခုဖြစ်နေတယ်။ သင်က အပင်လေးတွေကို နှစ်သက်ပြီး အဲ့ဒါနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ရှာဖတ်ရတာ သဘောကျနေတတ်တဲ့ သူဆိုရင် အမြဲတမ်း အလုပ်အတွက်ဆိုပြီးပဲ စာတွေဖတ်နေတာထက်စာရင် သင်နှစ်သက်တဲ့ အကြောင်းအရာ စာအုပ်တွေလည်း ရှာဖတ်ကြည့်ပါ။

 

၃) Exercise more (ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းတွေလုပ်ပါ)

ဒါကတော့ အထူးပြောစရာမလိုတော့ပါဘူး။ ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းတွေ လုပ်ခြင်းအားဖြင့် သင့်ရဲ့ စိတ်ရော၊ ကိုယ်ရော ကျန်းမာရေးကိုလည်း အများကြီး အထောက် အကူဖြစ်စေမှာ ဖြစ်ပါတယ်။

 

၄) Embrace your flaws and weakness (သင့်ရဲ့အားနည်းချက်ကို အရှိအတိုင်းလက်ခံပေးနိုင်ဖို့ ကြိုးစားပါ)

လူတွေမှာ အားလုံးပြည့်စုံပြီး ဘက်စုံတော်နေတဲ့သူ မရှိပါဘူး။ အခြားသူတစ်ယောက်ရဲ့ အားနည်းချက်က သင့်အတွက် သင်လုပ်နိုင်တဲ့ အရာတစ်ခု ဖြစ်နေတတ်သလို။ သင့်ရဲ့ အားနည်းချက်ကလည်း အခြားသူအတွက် တော့အားစိုက်စရာမလိုတဲ့ ပုံမှန် အနေအထားတစ်ခု ဖြစ်နေတတ်ပါတယ်။ ဒီအခြေအနေကို လက်ခံတတ်ရပါမယ်။ သင့်မှာဆုံးရှုံးမှု တွေ ကြုံတွေ့လာရတဲ့အခါ ဒီအားနည်းချက်ကြောင့် သင်မလုပ်နိုင်ရ ကောင်းလားလို့ သင့်ကိုယ်သင် အပြစ်တင်နေတာမျိုးထက် ဒါကို လက်ခံပြီး ပိုကောင်းအောင် သင်ဘာတွေ ကြိုတင် ပြင်ဆင်လို့ ရမလဲဆိုတဲ့ နည်းလမ်းကို ရှာဖွေရမှာ ဖြစ်ပါတယ်။

 

၅) Focus on the present (ပစ္စုပ္ပန်ကို အာရုံစိုက်ပါ)

အတိတ်မှာအောင်မြင်ခဲ့တာတွေဆီကနေ motivation ယူလို့ရပါတယ်။ ဒါပေမယ့် အတိတ်မှာ ဆုံးရှုံးခဲ့ ဖူးတာတွေ အတွက်ကိုတော့ သင်ခန်းစာယူပြီးပဲ ထားခဲ့လိုက်ပါ။ အမြဲ ဆုံးရှုံးရခဲ့ရဖူးတာကိုပြန်ပြန် တွေးပြီး စိတ်ညစ်မခံပါနဲ့။ လက်ရှိမှာ သင်ဘာပိုကောင်းအောင် လုပ်နိုင်မလဲဆိုတာကိုပဲတွေးပြီး အာရုံစိုက်လိုက်တာက သင့်ကိုပိုမိုကောင်းမွန်တဲ့ ရလဒ်ကို ရစေမှာ ဖြစ်ပါတယ်။

 

ဒီအချက်တွေလုပ်ကြည့်ရင်း သင့် စိတ်သက်သာရာရတယ်ဆိုရင် တစ်ခြား သင့်မိတ်ဆွေတွေ အတွက်လည်း share ပေးလိုက်ပါ။ 

 

#betterversion #morethanyouthink

[ သင်ခန်းစာနဲ့ပတ်သက်ပြီး မေးချင်တာများရှိရင် comment ရေးခဲ့ပါ။ ]

Leave your thought here







Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping