Blog

၂၀၂၂ ခုနှစ်ရဲ့ အခြေအနေတွေအရ ရောင်းအားတက်စေဖို့ မျက်ခြေမပြတ်စောင့်ကြည့်ရမယ့် ခေတ်ရေစီးကြောင်းများ

မျက်ခြေမပျက်စောင့်ကြည့်ရမယ့်
Sales

၂၀၂၂ ခုနှစ်ရဲ့ အခြေအနေတွေအရ ရောင်းအားတက်စေဖို့ မျက်ခြေမပြတ်စောင့်ကြည့်ရမယ့် ခေတ်ရေစီးကြောင်းများ

၂၀၂၂ ခုနှစ်ရဲ့ အခြေအနေတွေအရ ရောင်းအားတက်စေဖို့ မျက်ခြေမပြတ်စောင့်ကြည့်ရမယ့် ခေတ်ရေစီးကြောင်းများ 

အားလုံးသိတဲ့အတိုင်းပဲ အခုလက်ရှိအခြေအနေတွေက နေ့တိုင်း အတက်အကျ၊ အပြောင်းအလဲ များပါတယ်။  ဒါကြောင့် မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေ၊ မန်နေဂျာတွေအနေနဲ့  ၂၀၂၂ ခုနှစ်ရဲ့ အတက်အကျများတဲ့ အခြေအနေတွေ၊ အပြောင်းအလဲလှိုင်းတွေကို စီးမြောနိုင်ပြီး ရောင်းအားတက်စေဖို့ ဆိုရင် အရင်လိုမျိုး  နေ့စဥ်လုပ်ကိုင်နေကြ နည်းလမ်းတွေနဲ့ မရတော့ပါဘူး။ 

နေ့တိုင်းပြောင်းလဲနေတဲ့ အခြေအနေတွေကြောင့် ၀ယ်သူတွေရဲ့ ၀ယ်ယူမှုပုံစံ၊ စျေးကွက်ပုံစံတွေကလည်း အချိန်နဲ့ အမျှ ပြောင်းလဲနေကြပါတယ်။ ဒီလို အချိန်နဲ့ အမျှ ပြောင်းလဲနေတဲ့ အခြေအနေတွေကြားမှာ ကိုယ်လိုချင်တဲ့ ရလာဒ်တွေ ရနိုင်ဖို့ ဆိုရင် မျက်ခြေမပြတ်စောင့်ကြည့်သင့်တဲ့ အနေအထားတွေ၊ ခေတ်ရေစီးကြောင်း (Trends) တွေရှိပါတယ်။

၁) ၀ယ်သူတွေရဲ့ ရပ်တည်ချက်နဲ့ ယုံကြည်မှု။ 

လက်ရှိမြန်မာနိုင်ငံရဲ့ အနေအထားမှာ ၀ယ်သူတွေအများက ငွေကြေးသုံးစွဲမှုကို စီစစ်လာကြပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ပစ္စည်းတစ်ခု၀ယ်ယူမယ်ဆိုရင် အရင်ထက်စဥ်းစားစရာပိုများလာတဲ့အတွက် လိုအပ်တဲ့ သတင်းအချက်အလက်တွေ၊ သိချင်တာတွေကို ပိုပြီး စုံစုံလင်လင်ရှာဖွေတတ်လာကြသလို အခုနောက်ပိုင်းဆိုရင် လုပ်ငန်းတွေရဲ့ ရပ်တည်မှုတွေကိုပါထည့်ပြီးစဥ်းစားလာကြတာများပါတယ်။ ဘန်းစကားအရဆိုရင်တော့ စာပိုတတ်လာတာပေါ့နော်။ ဒါကြောင့် ၀ယ်သူ၊ ဖောက်သည်တွေကို ရိုးသားတတ်ဖို့ လိုလာပါလိမ့်မယ်။ စျေးနှုန်းအရဆိုရင်လည်း စျေးနှုန်းအရ၊ branding အရဆိုရင်လည်း branding အရ သေသေချာချာ ပြောဆို ဆက်ဆံနိုင်ဖို့လိုအပ်လာပါပြီ။ အခုအချိန်မှာ ကိုယ့် လုပ်ငန်းက လုပ်မယ့်အရာမှန်သမျှဟာ ရိုးသားပွင့်လင်းဖို့နဲ့ ရပ်တည်ချက်၊ ခံယူချက်မှန်ကန်နေဖို့ လိုအပ်ပါတယ်။ 

အမှားလုပ်ပြီးလို့ ပြန်တောင်းပန်လိုက်ရုံနဲ့ ၀ယ်သူတွေ၊ ဖောက်သည်တွေရဲ့ အရင်လိုယုံကြည်မှုကို ပြန်မရနိုင်ဘူးဆိုတာ သတိချပ်ရပါမယ်။ ဒါကြောင့် ၀ယ်သူတွေ၊ ဖောက်သည်တွေ ဘာတွေးလဲ၊ ဘာကိုယုံကြည်လဲဆိုတဲ့ ခေတ်ရေစီးကြောင်းကို မျက်ခြေမပြတ်ဖို့ လိုပါမယ်။ 

၂) သင့်၀န်ထမ်း၊ အဖွဲ့အစည်းမှာပါတဲ့ လူတွေရဲ့ စိတ်အခြေအနေ။ 

နောက်ထပ်အရေးကြီးတာက သင့်၀န်ထမ်းတွေ၊ အဖွဲ့အစည်းထဲမှာ ပါတဲ့သူတွေရဲ့ စိတ်အခြေအနေနဲ့ ဆုံးဖြတ်ချက်တွေကို မျက်ခြေမပြတ်ကြည့်နေဖို့ လိုပါတယ်။ သင့်ရဲ့ အရောင်းရလာဒ်ဟာ သင့်အဖွဲ့ထဲမှာပါ၀င်တဲ့ အရောင်းသမားတွေရဲ့ လုပ်နိုင်စွမ်းအား၊ အရည်အချင်းနဲ့ စိတ်အခြေအနေတွေပေါ် ရာခိုင်နှုန်းတစ်ခု မူတည်ပါတယ်။ 

လက်ရှိအခြေအနေတွေကြောင့် ၀န်ထမ်းတွေရဲ့ အနာဂတ်အပေါ်ယုံကြည်မှု ကင်းမဲ့လာတာ၊ အခြား နေရာဒေသတစ်ခုမှာ အသက်မွေး၀မ်းကြောင်းပြုဖို့ ဆုံးဖြတ်လာကြတာတွေဟာ လုပ်ငန်း၊ ကုမ္ပဏီရဲ့ ရောင်းအားကို အနည်းနဲ့ အများထိခိုက်မှု ရှိနိုင်ပါတယ်။ 

ဒါကြောင့် ဒီအခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်ရင်း ကိုယ့်နဲ့ အတူတူရုန်းကန်ကြိုးစားနေတဲ့သူတွေကို စိတ်အားထက်သန်လာအောင်၊ စိတ်တက်ကြွလာအောင် သင်တန်းတွေပေးတာမျိုး၊ motivation ပေးနိုင်ဖို့ အစရှိတဲ့ လုပ်ငန်းစဥ်တွေကို စဥ်းစားထားနိုင်ပါတယ်။

၃) Data တွေ၊ အချက်အလက်တွေ၊ သုံးသပ်မှုကိုတွေ အခြေအနေလိုက်ပြောင်းလဲအသုံးချနိုင်မှု။ 

အရင်ကတည်းက Data က အရေးကြီးမှန်း လုပ်ငန်းတိုင်းလက်ခံထားပါတယ်။ အရေးကြီးမှန်းသိတယ်။ ဒါပေမယ့် ဒီ Data တွေကို ဘယ်လို သုံးသပ်မလဲ၊ ဘယ်လို ဆုံးဖြတ်ချက်တွေချနိုင်မလဲဆိုတာကတော့ ဒီအခြေအနေမှာ ပိုအရေးကြီးလာပါပြီ။ 

Data မရှိရင် ဆုံးဖြတ်ချက်ခက်ခဲနိုင်တဲ့ အခြေအနေတွေ ရင်ဆိုင်ကြုံတွေရနိုင်ပါတယ်။ အဲ့အချိန် အထိမနာစေဖို့ အခုကတည်းက Data တွေကို ပြင်ဆင်ပါ။ 

ဘာ Data တွေကိုစုရမလဲလို့ မေးရင်တော့ မိတ်ဆွေတို့ရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို လွှမ်းမိုးမှု ရှိတဲ့ အရာ၊ Data တွေကို စုဆောင်းပါ။ ဘယ်မြို့နယ်က ပိုရောင်းနေရလဲ၊ ဘယ် ထုတ်ကုန်က ပိုရောင်းရတာလဲ၊ ဘယ်အရာက အမြတ်ပိုများတာလဲ ထင်သာမြင်သာဖြစ်စေမယ့် Data တွေကို သေချာစုဆောင်းတတ်ပြီး သုံးသပ်တတ်ဖို့ ကြိုးစားရပါလိမ့်မယ်။ 

ဒါကြောင့် Data အချက်အလက်တွေကို သုံးသပ်တတ်ပြီး ပြောင်းလဲမှုတွေအရ အချိန်းအပြောင်းလုပ်နိုင်ဖို့ ကလည်း မျက်ခြေမပျက် စောင့်ကြည့်ရမယ့် ခေတ်ရေစီးကြောင်းတစ်ခုပဲဖြစ်ပါတယ်။ 

အရောင်းနဲ့ ပတ်သတ်တဲ့ Data စုတဲ့ အပိုင်းတွေ၊ သုံးသပ်မှုတွေကို လွယ်လွယ်ကူကူလုပ်နိုင်ဖို့ လိုအပ်တဲ့ Report တွေနဲ့ ပတ်သတ်ပြီး အသေးစိတ်လေ့လာချင်ရင် Better Version က Sales Shark သင်တန်းကို တက်ရောက်နိုင်ပါတယ်။ 

Sales Report နမူနာ ကြည့်ရှုရန် – https://bit.ly/35cGMmw

နောက်ထပ် ဘယ်လိုခေတ်ရေစီးကြောင်းတွေကို အမှီလိုက်နိုင်မလဲဆိုတာကိုလည်း မျှဝေပေးဖို့ရှိပါတယ်။ 

သင်တန်း အပ်ဖို့အတွက်ဆိုရင် “Sales Shark” လို့ Page Messenger ကနေတဆင့် မက်ဆေ့ပို့လိုက်ပါ။ ကျန်တာကို Better Version က Learner Coordinator များက ဆက်လက်ကူညီပေးပါလိမ့်မယ်နော်။

ပိုကောင်းတဲ့ အနာဂတ်၊ ခိုင်မာတဲ့ အမှတ်တံဆိပ်တွေ တည်ဆောက်ဖို့ Better Version ရှိပါတယ်။

#သင်ထင်ထားတာထက်ပိုပါတယ်#တိုးတက်မှုတစ်ခုနေ့စဥ်ပြုပါ#MakeYourProgress

 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
အခွင့်အရေးကောင်းတွေ လက်မလွတ်သွားဖို့

43% Off
Only For 1st 100

“Book Order” လို့ မက်ဆင်ဂျာမှာ ရိုက်ပေးပါနော်..

အရောင်းတိုးမယ့် စာအုပ်

ပထမဦးဆုံး အယောက် (၁၀၀) အတွက်သာ